Wednesday, May 30, 2018
evergreenနိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
ပင်စင်ဆိုင်ရာပြဌာန်းချက်များမှကောက်နှုတ်ဖော်ပြချက်များ
၂၅၀။ မိသားစုအကျိုးခံစားခွင့်နှင့်စပ်လျဉ်း၍ -
(က) ဝန်ထမ်းအဖြစ်မှအငြိမ်းစားမယူမီ ကွယ်လွန်သွားသော
ဝန်ထမ်း၏တရားဝင်ဇနီးသို့မဟုတ်တရားဝင်ခင်ပွန်းနှင့်
အခြားမိသားစုဝင်တို့သည် -
(၁) ကွယ်လွန်ချိန်တွင်လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်
လုပ်သက်တစ်နှစ်ပြည့်ပြီးငါးနှစ်အောက်ဖြစ်လျှင်လုပ်
သက်တစ်နှစ်အတွက်နောက်ဆုံးထုတ်လစာတစ်လစာ
နှင့်ညီမျှသောလုပ်သက်ဆုငွေကိုခံစားခွင့်ရှိသည်။
(၂) ကွယ်လွန်ချိန်တွင်လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်
လုပ်သက်ငါးနှစ်ပြည့်ပြီးဆယ်နှစ်အောက်ဖြစ်လျှင်
နောက်ဆုံးထုတ်လစာ၏ ၁၂ ဆနှင့်ညီမျှသောလုပ်
သက်ဆုငွေကိုခံစားခွင့်ရှိသည်။
(၃) ကွယ်လွန်ချိန်တွင်ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်
သက် ၁၀ နှစ်နှင့်အထက်ရှိပြီးဝန်ထမ်း၏ဇနီး
သို့မဟုတ်ခင်ပွန်းဖြစ်လျှင်ကွယ်လွန်သည့်နေ့ရက်၏
နောက်နေ့ရက်၌ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိ
သော်ရှိမည့်ပင်စင်လစာ၏ ၃/၄ ကိုမိသားစုပင်စင်
လစာအဖြစ်ခံစားခွင့်ရှိသည်။ ထို့အပြင်လုပ်သက်တစ်
နှစ်လျှင်နောက်ဆုံးထုတ်လစာ၏ ၁/၂ နှင့်ညီမျှသော
လုပ်သက်ဆုငွေကိုလည်းခံစားခွင့်ရှိသည်။ ဃင်းလုပ်
သက်ဆုငွေသည်နောက်ဆုံးထုတ်လစာ၏ ၁၂ ဆ
အောက်မလျှော့နည်းစေရ။ မိသားစုပင်စင်လစာခံစား
ခွင့်ရှိသည့်ကာလမှာဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏
နောက်နေ့ရက်မှစ၍ဇနီးသို့မဟုတ်ခင်ပွန်းကွယ်လွန်
သည်အထိဖြစ်သည်။
(၄) မိသားစုပင်စင်အကျိုးခံစားခွင့်ရှိသူသည်ဝန်ထမ်း၏ဇနီး
သို့မဟုတ်ခင်ပွန်းမဟုတ်ဘဲအခြားမိသားစုဝင်ဖြစ်ခဲ့
လျှင်ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏နောက်နေ့ရက်
၌ဝန်ထမ်းသက်ပြည့်ပင်စင်ယူခဲ့သည်ရှိသော်ရရှိမည့်
ပင်စင်လစာ၏ ၁/၂ ကိုမိသားစုပင်စင်လစာအဖြစ်ခံစါး
ခွင့်ရှိသည်။ ထိုပင်စင်လစာကိုရခွင့်ရှိသည့်ကာလမှာ
ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ
ဖြစ်သည်။လုပ်သက်ဆုငွေကိုမူနည်းဥပဒေခွဲငယ်(၃)
တွင်ပါရှိသည့်အတိုင်းဖြစ်သည်။
(ခ) ဝန်ထမ်းအဖြစ်မှအငြိမ်းစားယူပြီးနောက်ကွယ်လွန်ခဲ့သော်
ဝန်ထမ်း၏ဇနီးသို့မဟုတ်ခင်ပွန်းနှင့်အခြားမိသားစုဝင်တို့သည်
(၁) အငြိမ်းစားယူချိန်၌ရရှိပြီးသောလုပ်သက်ဆုငွေနှင့်ကွယ်
လွန်သည့်နေ့ရက်အထိလစဉ်ထုတ်ယူခဲ့ပြီးသောပင်စင်
လစာနှစ်ရပ်ပေါင်းသည်ဝန်ထမ်းအဖြစ်ရရှိခဲ့သောနောက်
ဆုံးထုတ်လစာ၏ ၁၂ ဆအောက်လျှော့နည်းနေပါက
ယင်းလျှော့နည်းငွေကိုထပ်မံခံစားခွင့်ရှိသည်။
(၂) အငြိမ်းစားဝန်ထမ်း၏ဇနီးသို့မဟုတ်ခင်ပွန်းဖြစ်လျှင်
ဝန်ထမ်းအငြိမ်းစားယူချိန်၌ရရှိခဲ့သည့်ပင်စင်လစာ၏
၃/၄ ကိုအငြိမ်းစားဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏
နောက်နေ့ရက်မှစမိသားစုပင်စင်လစာအဖြစ်ခံစား ခွင့်
ရှိသည်။
(၃) မိသားစုပင်စင်ခံစားခွင့်ရှိသူသည်ဝန်ထမ်း၏ဇနီး
သို့မဟုတ်ခင်ပွန်းမဟုတ်ဘဲအခြားမိသားစုဝင်ဖြစ်ခဲ့လျှင်
ဝန်ထမ်းအငြိမ်းစားယူချိန်ရရှိခဲ့သည့်ပင်စင်လစာ၏၁/၂
ကိုအငြိမ်းစားဝန်ထမ်းကွယ်လွန်သည့်နေ့၏နောက်နေ့
ရက်မှစ၍ မိသားစုပင်စင်လစာအဖြစ်ခံစားခွင့်ရှိသည်။
ထိုပင်စင်လစာခံစားခွင့်ရှိသည့်ကာလမှာအငြိမ်းစား
ဝန်ထမ်းအငြိမ်းစားယူခဲ့သည့်နေ့၏နောက်နေ့ရက်မှစ၍
၁၅ နှစ်အထိဖြစ်သည်။
(၄) အငြိမ်းစားဝန်ထမ်းမကွယ်လွန်မီကပင်စင်လစာ၏
တစ်စိတ်တစ်ဒေသကိုတစ်လုံးတည်းပင်စင်လစာအဖြစ်
လဲလှယ်ခဲ့သည့်ကိစ္စတွင်မိသားစုပင်စင်ခံစားခွင့်ရှိသူ
သည် -
(ကက) ကွယ်လွန်သူအငြိမ်းစား၏ဇနီးသို့မဟုတ်ခင်ပွန်း
ဖြစ်လျှင်လက်ကျန်ပင်စင်လစာ၏ ၃/၄ ကို
မိသားစုပင်စင်အဖြစ်ခံစားခွင့်ရှိသည်။ခံစားခွင့်ရှိ
သည့်ကာလမှာဇနီးသို့မဟုတ်ခင်ပွန်းကွယ်လွန်
သည်အထိဖြစ်သည်။
(ခခ) ကွယ်လွန်သူအငြိမ်းစား၏ဇနီးသို့မဟုတ်ခင်ပွန်း
မဟုတ်ဘဲအခြားမိသားစုဝင်ဖြစ်ခဲ့လျှင်တစ်လုံး
တည်းလဲလှယ်ခြင်းမပြုမီကပင်စင်လစာကို
ထက်ဝက်ပြုပြီးနောက်ယင်းထက်ဝက်အနက်မှ
တစ်လုံးတည်းလဲလှယ်ခဲ့သည့်ပင်စင်လစာ၏
အစိတ်အပိုင်းကိုနှုတ်ရမည်။ယင်းသို့နှုတ်ပြီး
နောက်ကျန်ငွေကိုမိသားစုပင်စင်လစာအဖြစ်
ခံစားခွင့်ရှိသည်။ခံစားခွင့်ရှိသည့်ကာလမှာ
အငြိမ်းစားဝန်ထမ်းအငြိမ်းစားယူခဲ့သည့်နေ့၏
နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိဖြစ်သည်။
သပြေညို
evergreen
evergreen
လျှောက်နေတဲ့လမ်း
မွှေးဖွားရာ အပူပိုင်းဒေသ
မြန်မာပြည်အလယ်ပိုင်းက
ဖုန်းတထောင်းထောင်းထ
လျှောက်ခဲ့တဲ မြေနီလမ်းကြမ်း
ခမောက်မပါ ထီးမပါလဲ
ဒို့ ရွာ ဒို့ ဓလေ့ ဒို့ ပျော်မွှေ့ ပေါ့ 
ဒီနေ့ ဒီအချိန်
ရွှာလယ်လမ်းကလေး
မြေနီ ကြမ်းကလေးမှာ
ပျော်မြူးဆော့ကစား
လျှောက်လှမ်းခဲ့တဲ့ဒီလမ်း
အတိတ်က လမ်းကြမ်လေးကို
တမ်းတမ်းတတ မှတ်မိသော်လည်း
အဝေးတနေရာ ရောက်ရှိ
ငါတယောက်မှာ
ကမ္ဘာ အအေးဆုံးဒေသ
မြောက်ဝန်ရိုးစွန်း က
ရေခဲဖုန်းလွမ်း လမ်းမပေါ်မှာ
ခမောက်မပါ ထီးမပါပဲ
ဆက်လျှက် လျှောက်နေတယ်။
ဘ + ဝ = ?
evergreen
ဘဝပြောင်းလဲနိုင်သော စကား (၅) ခွန်း 
.
.
(1) 
Victory is Near 
“အောင်မြင်မှုက မဝေးတော့ဘူး”
ဒီစကားက အရမ်းအားရှိစေတဲ့စကားစုပါ
အကယ်လို့ ဒီစကားဘယ်လောက်ထိအင်းအားပေးနိုင်လဲ ဆိုတာသိချင်ရင် ဒီလိုစမ်းကြည့်လို့ရပါတယ်
.
အခုချိန်မှာ ခင်ဗျားဘယ်လောက်ကြီးတဲ့အခက်အခဲနဲ့ ကြုံတွေ့နေရပါစေ ၊
ခင်ဗျားရည်မှန်းချက်ကဘယ်လောက်ပဲကြီးမားနေပါစေ
ဘယ်လောက်ပဲ စိတ်ဆင်းရဲနေပါစေ…
.
ခင်ဗျားအခုမှန်တစ်ချပ်ရဲ့ရှေ့ကိုသွားလိုက်ပါ
ပြီးတော့ ကိုယ့်ရဲ့မှန်ထဲမှာရှိတဲ့ ကိုယ့်မျက်နှာကို စိုက်ကြည့်ပြီး 
Victory is Near ဆိုပြီး ဆယ်ကြိမ်လောက်ပြောပါ။
.
ခင်ဗျားမယုံနိုင်တဲ့ အင်အားချက်ချင်းပေါ်လာလိမ့်မယ်
စမ်းကြည့်ပါ ။
.
.
.
(2) Everything You need ,is a which in reach .
ခင်ဗျားလိုအပ်သမျှအရာက ခင်ဗျားရဲ့ လက်တစ်ကမ်းမှာပဲရှိတယ်
.
စီပွားရေးလုပ်ရန်အတွက် အတွေးအခေါ်
သန်းကြွယ်သူဌေးဖြစ်ဖို့အတွက် အတွေးအခေါ်
ကျန်းမာရေးကောင်းရန်အတွက် အတွေးအခေါ်
ဘဝအတွက်ပျော်အောင်အတွက် အတွေးအခေါ်
စိတ်အင်အားရှိအောင်အတွက် အတွေးအခေါ် 
စသဖြင့်
ခင်ဗျားလိုချင်တဲ့အတွေးအခေါ်တွေအားလုံးက ခင်ဗျားကိုယ်အနီးမှာပဲရှိတယ်
ခင်ဗျားအဲ့ဒီအရာကို ရှာလားဆိုတဲ့ပေါ်မှာပဲမူတည်တယ်
အကယ်လို့ ခင်ဗျားရှာတယ်ဆိုရင်၊ခင်ဗျားလိုချင်တဲ့အရာက ဘယ်လိုပဲဖြစ်ဖြစ်တွေ့မှာပဲ
.
.
.
(3)
Learn to work hard on yourself , than you do on your job .
ဒီစကားက ခင်ဗျားသာနက်နက်ရှိုင်းရှိုင်းနားလည်တယ်ဆိုရင် အရမ်းထိတယ်ဗျ
“အကယ်လို့ ခင်ဗျားဘဝခိုင်မြဲချင်တယ်ဆိုရင် ခင်ဗျားအခုလုပ်နေတဲ့အလုပ်ပေါ်ကြိုးစားတာထက် ခင်ဗျားတိုးတက်အောင်ကြိုးစားရမယ်ဗျ”
အဓိပါယ်ကဘာလဲ
.
လွယ်လွယ်နဲ့ ပြောရရင်
Jack Ma 
အကယ်လို့ သူသန့်ရှင်းရေးအလုပ်လုပ်တဲ့အချိန်မှာ
သူ အိမ်သာဆေးတဲ့အလုပ်ကိုပဲ ကြိုးစားမယ်ဆိုရင်
သူပန်းကန်ဆေးတဲ့အလုပ်ပေါ် အရမ်းတော်လိမ့်မယ်
သန့်ရှင်းရေးလုပ်တဲ့အပေါ်မှာအရမ်းတော်လိမ့်မယ်
တစ်ရက်ကို ၁၈ နာရီလောက်အလုပ်ကြိုးစားမယ်ဆိုရင်
ဒီနေ့ရဲ့ Jack Ma မရှိတော့ဘူး
.
ဒါပေမဲ့သူလုပ်တဲ့အလုပ်က
သူ အင်္ဂလိပ်စာလေ့လာတယ်
သူအလုပ်ထက်ပိုပြီးလေ့လာတယ်
အခွင့်အရေးအသစ်ကို အမြဲတမ်းရှာတယ်
အသစ်အဆန်းတွေကိုအမြဲတမ်းလုပ်ကြည့်တယ်
ကိုယ့်ရဲ့ Skill ကိုပိုတော်အောင်ကြိုးစားတယ်
အဲ့ဒါကြောင့် သူဖြစ်နေတဲ့အခြေအနေထက် မယုံနိုင်တဲ့ပိုကောင်းတဲ့အခြေအနေကိုရခဲ့တာပေါ့
ဒါကြောင့် Work hard on your self 
.
(4) God’s delay are not God’s denial
ခင်ဗျားဒီနေ့မအောင်မြင်ဘူးဆိုတာ ခင်ဗျားဘယ်လိုမှမအောင်မြင်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး
.
စကြာဝဠာက ခင်ဗျားရဲ့ အောင်မြင်မှုကို နဲနဲလေး Delay ဖြစ်အောင်လုပ်လိုက်တာပါ။
ခင်ဗျားရဲ့သည်းခံနိုင်စိတ်စမ်းချင်ယုံလေးပါပဲဗျ
ဒါကြောင့်အရှုံးမပေးသေးပါနဲ့ဗျ
နှမျောစရာကောင်းလို့ပါဗျ
.
.
.
(5)
My Life Never Be The Same !
.
ခင်ဗျားပင်ပန်းခံပြီးလုပ်သမျှဟာ ဘယ်တော့မှအလာကားမဖြစ်ဘူးဆိုတာ မှတ်ထားပါ
(ကျွန်တော်ပင်ပန်းတဲ့အချိန်၊ ကျွန်တော်နောက်ဆုတ်ချင်တဲ့အချိန် မှာ ကျွန်တော့်ကိုယ့်ကိုကိုယ် ဒီစကားနဲ့အမြဲအားပေးတယ်၊ မှတ်ထားလိုက်ပါ အကျိုးရှိလိမ့်မယ်ဗျ)
.
ပြီတော့ ကျွန်တော် 
My Life Never Be The Same !
ငါ့ဘဝ အရင်ကလိုမျိုးဘယ်တော့မှ မတူတော့ဘူး
ဆိုပြီးတော့လဲကိုယ့်ကိုကိုယ်အားပေးတယ်
.
အခုဘဝ အရင်ကထက်အများကြီးကောင်းလာပြီ
နောက်ကျရင် ဒီထက်ပိုကောင်းလာလိမ့်မယ်
အရင်လိုမျိုးတော့ မဖြစ်နိုင်တော့ဘူး
ငါလဲ အရင်ကလိုမျိုး မဟုတ်တော့ဘူး 
.
နောက်မဆုတ်နဲ့
လျှောက်နေတဲ့လမ်း မရပ်ပါနဲ့ဗျ
.
ဒါကတော့ စကား (၅) ခွန်းပါ ၊ 
ဘဝအတွက်တိုက်ပွဲဝင်နေတဲ့ သူငယ်ချင်းများအတွက်အကျိုးရှိလိမ့်မယ်
ကျွန်တော်စိတ်ထဲမှာ နေ့တိုင်းထပ်ခါတလဲလဲ ပြောနေတဲ့စကားတွေလဲဟုတ်ပါတယ်
.
ကိုယ်ကြိုက်တဲ့တစ်ခွန်းကို ယူသုံးလို့ရပါတယ်ဗျ
အကယ်လို့ သဘောကျတယ်ဆိုရင် Share ဖို့မမေ့နဲ့နော် 
သာယာသောနေ့လေးဖြစ်ပါစေဗျ
Credit အောင်မြင်သူ ဘယ်လိုတွေးလဲ ? : New Rich City
ကြာသပတေး သားသမီးများ
evergreen
ကြာသပတေးသားသမီးများဟာ အေးအေးဆေးဆေးနေတတ်တဲ့သူများဖြစ်ကြတယ်
ခွင့်လွတ်သီးခံတတ်ကြပါတယ် ဒါကြောင့် လူတွေရဲ့ချစ်ခင်မှုကိုလည်းတာရှည်ပိုင်ဆိုင်ထားကြတယ်
မဟုတ်ရင်မခံတတ်တဲ့စိတ်ရှိတာလည်း ကြာသပတေးပါကိစ္စတွေကိုအမှန်တရားဘက်က ရပ်တည်ကြတယ်
မိသားစုထဲမှာ စကားများရန်ဖြစ်ကြရင်လည်းကိုယ့်ဘက်ကအရင်ဆုံးကျေအေးပေးတတ်ကြတယ်အနစ်နာခံပေးတတ်တာ 
ကြာသပတေးပါ
ကြာသပတေးများဟာ လူတွေအပေါ် မေတ္တာထားတတ်တယ်ကိုယ့်မိသားစုထဲကလူတစ်ယောက်ယောက်ကိုသံယောဇဉ်ရှိရှိနဲ့ ချစ်တတ်ပါတယ်ချစ်သောသူများကိုလည်း အနစ်နာခံပေးတတ်တယ်
ကိုယ်ဖြစ်ချင်သောဆန္ဒကို အလွယ်တကူလက်မလျော့တတ်တာကြာသပတေးပါဖြစ်ချင်တာကို စိတ်မလောဘဲ အချိန်ပေးပီးအကောင်အထည်ဖော်တတ်တယ်
အေးဆေးနေတတ်တယ် စိတ်တည်စွာနဲ့နေတတ်တာကြာသပတေးပါ
ကြာသပတေးဟာ တကယ်ခံစားလွယ်တဲ့သူများဖြစ်ကြပေမဲ့အပြင်မှာတော့ တည်ငြိမ်စွာနဲ့နေတတ်တယ်ငိုချင်လာခဲ့      ရင်တောင် အပြင်မှာတခြုံးခြုံးနဲ့ငိုနေတာထက်ရင်ထဲမှာ ကျိတ်ပီးခံစားတတ်ကြတယ်
ရင်ထဲမှာသိမ်းမထားနိုင်တဲ့အပူဆိုရင်တော့ ဘာမှမပြောဘဲမျက်ရည်တွေ အလိမ့်လိမ့်ကျလာတတ်တာ ကြာသပတေးပါ
ကြာသပတေးများဟာ သူငယ်ချင်းတွေကြားမှာ
ပျော်ရွှင်စွာနဲ့လည်းနေထိုင်တတ်တယ်
ကြာကြာနေမှတွေ့ဖြစ်တဲ့သူငယ်ချင်းများကိုလည်းအတိတ်မှာ ပျော်ရွှင်ခဲ့တာတွေကိုပြန်ပီးပြောပြတတ်တဲ့စိတ်တွေလည်း ရှိတတ်ကြပါတယ်
အမှတ်တရတခုခုကို လွယ်လွယ်နဲ့မမေ့တတ်တာ ကြာသပတေးပါ
အလုပ်ကိုဦးစားပေးတတ်ကြတယ် တခါတရံ
ကိုယ်ဝါသနာပါနေတဲ့အလုပ်ကိုလုပ်နေပီဆိုရင်
အိမ်မက်ထဲမှာတောင် ထည့်မက်ကြတာ ကြာသပတေးပါ
အလုပ်လုပ်တဲ့နေရာမှာ စိတ်ရှည်တတ်တယ်
တော်ရုံတန်ရုံ ပြသနာမဖြစ်အောင်နေထိုင်တတ်ကြတယ်
ကြာသပတေး သားသမီးများဟာသူများတွေရဲ့ ခင်မင်မှုကိုလည်းတန်ဖိုးထားတတ်ကြတယ်အားနာတတ်တယ် စကားပြောတဲ့နေရာမှာလည်း အမှားကိုဆင်ခြင်သုံးသပ်ပီးပြောကြားနိုင်စွမ်းရှိတယ်
ကြာသပတေးများဟာ အစွဲအလန်းထားသင့်တဲ့နေရာမှာဘဲထားတယ်ကိုယ်တကယ်မကြိုက်တဲ့အရာဆိုရင် စွန့်လွတ်ရဲတယ်ပြန်လှည့်မကြည့်တတ်ဘူး မတွေးပူနေတတ်ဘူး
အားနေတဲ့အချိန်တွေမှာဆိုရင်တော့ တခါတလေမိသားစုကိုအချိန်ပေးပီးအိမ်တွင်းမှုလုပ်နေရရင်ကိုနှစ်သက်ကြပါတယ်
ကြာသပတေးဟာ အပြင်ကရုပ်သွင် မဟုတ်ရင်တောင်အတွင်းစိတ်ချစ်စရာကောင်းတာလေးကို ပိုင်ဆိုင်ထားကြတယ်
ကြာသပတေး
ကြာသပတေးရဲ့ အချစ်ရေးကတော့ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲ အစွဲအလန်းရှိနေပါတယ်
သူအဝေးမှာရှိနေရင်တောင် ပြန်လာဖို့ သစ္စာရှိစွာနဲ့ မေတ္တာမပျက်စောင့်မျှော်နေပါတယ် …!!
Credit to Original Uploade
၂၃၀၉၁၄ သုဘဒ္ဒါ ၏ ဆုတောင်း
evergreen
၂၃၀၉၁၄ သုဘဒ္ဒါ ၏ ဆုတောင်း
သုဘဒ္ဒါ ၏ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ထူထောင်ပုံ
......................................................................
တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတိုက်
တော်၌ ဓမ္မာသနပလ္လင်ထက်ဝယ် တရားတော်ကို ဟောကြားတော် မူစဉ်
ဘိက္ခုနီမကလေး တစ်ဦးသည် အတိုင်းအတာ ပမာဏ မရှိသော ပါရမီ
ကောင်းမှု ကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ထင်ရှားဖြစ်ပေါ်
လာသော အသာဆုံး အမြတ်ဆုံးသော ရူပကာယတော်နှင့် ပြည့်စုံတော်
မူသော ကိုယ်တော်အား (၁၀)ပါး ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်
မူသော ဘုရားရှင်၏ ခန္ဓာကိုယ်အတ္တဘောကို ကြည့်၍ သံသရာတစ်ခွင်ဝယ်
ကျင်လည်ခဲ့ရစဉ်က ဤယောက်ျားမြတ်၏ ခြေရင်း အလုပ်အကျွေးများ
ဖြစ်ခဲ့ဖူးလေသလားဟု စဉ်းစားမိ၏။ ထိုအချိန်အခါတွင် ထိုဘိက္ခုနီမကလေး
၏ သန္တာန်၌ ရှေ့ဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ပြန်ပြောင်း၍
အမှတ်ရနိုင်သော ဇာတိဿရဉာဏ်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ထိုဇာတိဿရ
ဉာဏ်ဖြင့် လှမ်းမျှော်ကြည့်လိုက်ရာ ဆဒ္ဒန်ဆင်မင်း၏ စူဠသုဘဒ္ဒါမိဖုရား
ဖြစ်စဉ်က ကြေကွဲဖွယ်ရာ ဇာတ်လမ်းကို ပြန်ပြောင်း၍အမှတ်ရသဖြင့် ငိုပွဲကြီး
ဆင်ခဲ့ရလေသည်။ဘုရားရှင်ကလည်း တရားနာပရိသတ်တို့အား ဆဒ္ဒန်
ဆင်မင်း ဇာတ်တော်ကို ဟောကြားပြသပေးတော်မူလေသည်။ ဆဒ္ဒန်ဆင်မင်း
၌ စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါဟု မိဖုရားနှစ်ဦး ရှိခဲ့၏။ ဘိက္ခုနီမ
ကလေးကား ထိုစဉ်က စူဠသုဘဒ္ဒါပင်တည်း။
တစ်နေ့ ဆဒ္ဒန်ဆင်မင်းနှင့်တကွ ဆင်အပေါင်းတို့ အင်ကြင်းပန်းများ
ဖူးပွင့်ဝေဆာနေသည့် အင်ကြင်းတောဝယ် တောကစားစဉ် လေအထက်က
တည်နေသော စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ သစ်ကိုင်းခြောက်များ သစ်ရွက်
ခြောက်များ ကျ၍ လေအောက်က တည်နေသော မဟာသုဘဒ္ဒါ၏ ကိုယ်
ပေါ်သို့ အင်ကြင်းပန်း ၀တ်မှုန်များ ပွင့်ချပ်များ ကျသွား၏။ ဤအပြုအမူ
ကိုလည်း စူဠသုဘဒ္ဒါက မကျေနပ်ပေ။ တစ်ဖန် တစ်နေ့တွင် ဆဒ္ဒန်အိုင်
အတွင်း၌ ဆင်အပေါင်းတို့ ရေကစားကြ၏။ ဆင်တစ်ကောင်က သတ္တုဒ္ဒယ
အမည်ရှိသော ပဒုမ္မာကြာပန်းကြီး တစ်ပွင့်ကို ရရှိ၍ ဆဒ္ဒန်ဆင်မင်းအား
ဆက်သလာ၏။ ထိုပဒုမ္မာကြာပွင့်ကြီးကို နှာမောင်းဖြင့် ယူဆောင်၍ ၀တ်မှုန်
များကို မဟာသုဘဒ္ဒါ၏ကိုယ်ပေါ်သို့ ဖြန့်ကြဲလျက် ထိုကြာပန်းကြီးကို မဟာ
သုဘဒ္ဒါအားပင် ပေးလိုက်၏။ ဤအပြုအမူကိုလည်း စူဠသုဘဒ္ဒါက မကျေ
နပ်ပေ။ ဤအချက် နှစ်ရပ်ကို အခြေခံ၍ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း
အပေါ်၌ မယ်မင်းကြီးမ စူဠသုဘဒ္ဒါက ရန်ငြိုးဖွဲ့ခဲ့၏။
ထိုအချိန်အခါတွင် ဆဒ္ဒန်ဆင်မင်း အမှူးရှိသော ဆင်ပေါင်း (၈၀၀၀)
ကျော်တို့ကား ပစ္စေကဗုဒ္ဓါဘုရားရှင် (၅၀၀)တို့အား သစ်သီးဆွမ်း စသည်
တို့ဖြင့် ပြုစုလုပ်ကျွေးခွင့်ကို ရရှိနေကြ၏။ ကြုံခဲလှသော အခွင့်ထူးကြီးတစ်ရပ်
ဖြစ်၏။ တစ်ဖန် ဆဒ္ဒန်ဆင်မင်းအမှူးရှိသော ဆင်အပေါင်းတို့ကား ဖြူစင်သော
သီလနှင့်လည်း ပြည့်စုံကြပြန်၏။ ထို့ကြောင့် ယင်းတို့၏ ဒါနမှာ
အောက်ပါ အင်္ဂါ (၅)ချက်နှင့် ပြည့်စုံနေ၏။
၁။ အလှူပေးသော ပုဂ္ဂိုလ်သည် သီလရှိသူဖြစ်ခြင်း
၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း
၃။ ကြည်လင်သော စိတ်ထားရှိခြင်း
၎။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးကို ယုံကြည်သော
သဒ္ဓါတရား ထင်ရှားရှိခြင်း
၅။ အလှူခံပုဂ္ဂိုလ်တို့၌လည်း အဖြူစင်ဆုံးသော သီလရှိနေခြင်း။
ဤအင်္ဂါငါးရပ်နှင့် ပြည့်စုံနေ၏။ (ဒက္ခိဏ၀ိဘင်္ဂသုတ္တန်ကို ကြည့်ပါ။)
ဝိပုလဖလ = ပြန့်ပြောကြီးကျယ် မြင့်မြတ်သော အဆင့်အတန်းမြင့်မားသော
အကျိုး အမျိုး မျိုး ကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ဒါနမျိုး တည်း ။ (အံ၊၃၊၇၁။)
ဟူသောဒေသနာတော်များနှင့်အညီ သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်၏
တောင့်တချက်ဟူသမျှ ပြီးပြည့်စုံနိုင်သော ဒါနမျိုး ဖြစ်၏။ မယ်မင်းကြီးမ
စူဠသုဘဒ္ဒါကလည်း ဤအခွင့်အကောင်းကြီးကို နားလည်ထားသူ ဖြစ်၏။
ထို့ကြောင့် မိမိရရှိလာသော သစ်သီးကြီးငယ်များကို ပစ္စေကဗုဒ္ဓါဘုရားရှင်
တို့အား ပေးလှူ၍ အောက်ပါအတိုင်း ဆုတောင်းပန်ထွာလေသည်။ (ဇာတက၊ဋ္ဌ၊၅၊၄၀။)
၁။ အရှင်မြတ်တို့ဘုရား ...ဤဆင်ဘ၀မှ စုတေခဲ့သော် မဒ္ဒရာဇ်မင်း
မျိုး၌ ဖြစ်ရပါလို၏။
၂။ ထိုမင်းမျိုး၌ သုဘဒ္ဒါ အမည်ရှိသော မင်းသမီး ဖြစ်ရပါလို၏။
၃။ အရွယ်ရောက်လတ်သော် ဗာရာဏသိဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ
မိဖုရားအဖြစ်သို့ ရောက်ရှိရပါလို၏။
၎။ ထိုဗာရာဏသိဘုရင်မင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရားဖြစ်ရပါလို၏။
၅။ ထိုဗာရာဏသိဘုရင်ကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါနိုင်အောင်
ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ရပါလို၏။
၆။ ထိုဗာရာဏသဘိရှင်ဘုရင်အား ပြောကြား၍ မဆိုးတစ်ယောက်ကို စေခိုင်း၍
ဤဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းစေ၍အသက်ကုန်အောင်သတ်နိုင်ရပါလို၏။
၇။ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆင်စွယ်
အစုံတို့ကို ဆောင်ယူစေခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရပါလို၏။
ဤသည်တို့ကား မယ်မင်းကြီးမ စူဠသုဘဒ္ဒါ၏ ဆုတောင်းခန်းများပင်
ဖြစ်ကြ၏။
၁။ အ၀ိဇ္ဇာ = အထက်ပါ စွမ်းအားအမျိုးမျိုးနှင့် ပြည့်စုံသော သုဘဒ္ဒါ
အမည်ရှိသော မိဖုရားကြီးဟု အသိမှားခြင်းသဘော။
၂။ တဏှာ = ယင်းမိဖုရားဘ၀ကို တွယ်တာတပ်မက်ခြင်းသဘော။
၃။ ဥပါဒါန် = ယင်းမိဖုရားဘ၀သို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။
၎။ သင်္ခါရ = ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်း လှူဒါန်းခြင်း
ဟူသော ကုသိုလ်သင်္ခါရအုပ်စု။
၅။ ကံ = ယင်း ကုသိုလ်သင်္ခါရအုပ်စု၏ ကမ္မသတ္တိ။
အကြောင်းတရားငါးပါးကား စုံညီသွားခဲ့၏။ အရိယမဂ်တည်းဟူသော
မွေးညှပ်နှင့်ကင်း၍ ပြန်လည်ဖျက်သိမ်း၍မရနိုင်သော ကံမျိုးတည်း။ မယ်မင်း
ကြီးမ ဆုတောင်းပန်ထွာထားသည့်အတိုင်း ဆင်ဘ၀မှ ရွေ့လျားသောအခါ
သုဘဒ္ဒါ အမည်ရှိသော မဒ္ဒရာဇမင်းသမီး ဖြစ်လာရ၏။ ဗာရာဏသိဘုရင်
မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဘ၀သို့လည်း ရောက်ရှိခဲ့၏။ မောင်း
မပေါင်း တစ်သောင်းခြောက်ထောင်တို့၏ အထွတ်အထိပ်ဘ၀သို့ ရောက်ရှိ
ခဲ့၏။
ဤမျှဆိုလျှင် ကျေနပ်သင့်လှပေပြီ။ သို့သော် မယ်မင်းကြီးမကား
မကျေနပ်နိုင်သေးပေ။ မိဖုရားခေါင်ဘ၀သို့ ရောက်ရှိနေပြီးဖြစ်လျှင်လည်း
တောထဲမှာ ရှိနေသည့် တိရစ္ဆာန် တစ်ကောင်မျှသာ ဖြစ်သော ဆဒ္ဒန်ဆင်မင်း
ကို မသတ်ဘဲနေဖို့ ကောင်းလှ၏။ သို့သော် အတိတ်က ထူထောင်ထား
ခဲ့သော ကံက လှုံ့ဆော်ပေးနေသဖြင့် မသတ်ဘဲ မနေနိုင်ဖြစ်နေ၏။ အ၀ိဇ္ဇာ
တဏှာ ဥပါဒါန်တို့၏ စွမ်းအင်က သင်္ခါရ-ကံကို ခြယ်လှယ်ပေးနေခြင်း ဖြစ်၏။
လှုံ့ဆော်ပေးနေခြင်းဖြစ်၏။ မသတ်ရ မနေနိုင် ဖြစ်နေ၏။ နောက်ဆုံးတွင်
သောနုတ္တိုရ်မုဆိုးကို စေခိုင်း၍ ဆဒ္ဒန်ဆင်မင်း၏ အစွယ်တို့ကို အရယူခဲ့လေသည်။
သို့သော် ကြေကွဲဖွယ်ရာ မြင်ကွင်းမှာ ဤသို့ ဖြစ်၏။ (ဇာတက၊ဋ္ဌ၊၅၊၅၆။)
သောနုတ္တိုရ်မုဆိုးက ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ဆန်း
ကြယ်လျက်ရှိသော ဆင်စွယ်တို့ကို ဆက်သလာသောအခါ မယ်မင်းကြီးမ
သုဘဒ္ဒါက ယင်းဆင်စွယ်တို့ကို ပေါင်ပေါ်၌ တင်လျက် ဘ၀ဟောင်းက
ချစ်ခင်မြတ်နိုးအပ်သော အိမ်ရှင်ယောက်ျား၏ အစွယ်တို့ကို ကြည့်လျက် -
"ဤကဲ့သို့သော တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေသော ဆင်မင်း
ကို ဆိပ်လူးမြားဖြင့် ခွင်း၍ အသက်ကုန်ခြင်းသို့ ရောက်စေလျက် ဤ
ဆင်စွယ်တို့ကို ဖြတ်တောက်၍ သောနုတ္တိုရ်မုဆိုးက ယူဆောင်လာခဲ့ပေ
ပကော"ဟု ဘုရားအလောင်းတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အစဉ်
လျှောက်၍ ဆင်ခြင်အောက်မေ့စဉ် မယ်မင်းကြီးမ၏ သန္တာန်၌ သောက
တရားသည် ထင်ရှားဖြစ်ပေါ်လာခဲ့၏။ သည်းခံခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။
ထိုအခါ ထိုနေရာ၌ပင်လျှင် ထိုမယ်မင်းကြီးမ၏နှလုံးသည် ကွဲရှာလေပြီ။ ထို
သုဘဒ္ဒါသည် ထိုနေ့မှာပင် သေပွဲဝင်ခဲ့ရလေသည်။ (ဇာတက၊ဋ္ဌ၊၅၊၅၆။)
သုဘဒ္ဒါမိဖုရားဘ၀၌ တစ်ကြိမ် ငိုပွဲဆင်ခဲ့ရ၏။ သေပွဲလည်း ၀င်ခဲ့ရ၏။
ယခုတစ်ဖန် ဘိက္ခုနီမဘ၀၌လည်း ဒုတိယအကြိမ် ငိုပွဲဆင်ရပြန်လေပြီ။
ထို့ကြောင့် အသင်သူတော်ကောင်းသည် ကံကို ထူထောင်ရာ၌ သတိကြီး
စွာပင် ထူထောင်သင့်လှပေသည်။ ဤမျှဆိုလျှင် အ၀ိဇ္ဇာ တဏှာ ဥပါဒါန်
သင်္ခါရ ကံတို့၏အကြောင်းကို အတော်အသင့် သဘောပေါက်လောက်ပေပြီ။
"ဖားအောက်တောရဆရာတော်"
Friday, May 18, 2018
မန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများနှင့် သင်ခန်းစာများ
evergreen
မန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများနှင့် သင်ခန်းစာများ
မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများနှင့် သင်ခန်းစာများ
******************************
မြန်မာစာပေနှင့် မြန်မာ့သမိုင်းအကြောင်း ပြောမယ်ဆိုရင်တော့ အများကြီးပါ။ စာရှုသူတို့နဲ့
လည်း ရင်းနှီးပြီးသားပါ။  အဲဒါတွေထဲကမှ စာရေးသူ လေ့လာမိတာလေးတွေကို ပြန်လည်
မျှလေိုက်တာပါ။
ပထမဆုံး တွေးမိတာကတော့ ငယ်စဉ်ကသင်ကြားခဲ့ဖူးတဲ့ ကဗျာလေးတပုဒ်ဖြစ်တဲ့''ပန်း
စံပယ် နန်းလယ် မပေါ်ခိုက်ဟာမို့''နဲ့ အစချီတဲ့ 'စံပယ်ပန်း'ကဗျာလေးပါပဲ။ နန်းတော်တွင်း
မှာ စံပယ်ပန်းတွေ မပေါ်ခိုက်မှာ နန်းတွင်းသူတွေဟာ ခံပွင့်ပန်းလေးတွေကို သီကုံးပန်
ဆင်ကြရပေမယ့် ''နန်းရေ မန်းမြေမှာ စံပယ်လှိုင်တော့'' ဆိုသလို နန်းတော်တွင်းမှာ
စံပယ်ပန်းတွေ လှိုင်လှိုင်ပေါတော့ ခံပန်းပွင့်လေးတွေဟာ တောဓလေ့ရွာသုံးဖစ်သွား
ပါတယ်။ ကဗျာအမည်က စံပယ်ပန်း ဆိုပေမယ့် ခံပွင့်ပန်းကလေးတွေရဲ့အဖြည့်ခံ  ကိုပါ ဖေါ်ပြသွားတာပါ။ လိုအပ်ရင်ခေါ်သုံးပြီး မလိုအပ်ရင် နည်းမျိုးစုံ အကြောင်းပြပြီး
ပစ်ပယ်တတ်တဲ့ အတ္တကြီးတတ်တဲ့ လူအချို့ရဲ့ လူ့သဘောကိုပါ ပေါ်လွင်စေပါတယ်။
ဒါပေမယ့် ခံပွင့်ဆိုတာ ပန်းကလေးတွေပါ။ ခံပွင့်ပန်းကဲ့သို့သော လူတွေလည်း ရှိပါ
သေးတယ်။ အဲဒီလို ခံပွင့်ပန်းကဲ့သို့သော လူတွေကို အားပေးချင်တာက လူဆိုတာ
သူများထားရာနေ၊ စေရာသွား ဘမှာ တသက်လုံး မနေပါဘူး။ နည်းလမ်း ရှာတတ်ပါ
တယ်။ ကိုယ်ကသာ ကိုယ်ကျင့်တရားကောင်းမြတ်ပြီး သမ္မာအာဇီကျမယ်ဆိုရင်
ကိုယ့်ကို သူများတွေကို ဘယ်လိုပဲ အသုံးချနေပါစေ စွန့်ပယ်နေပါစေ။ အချိန်တန်ရင်
တော့ ကိုယ့်အတွက် ထွက်ပေါက်နဲ့ အောင်မြင်မှုဆိုတာ ရလာမှာပါ။ ဒါဟာ ဘာသာရေး အဆုံးအမတွေထဲမှာလည်း ရှိပါတယ်။
နောက်တခု သွားတွေးမိတာက ဦးပုညရေး ဆဒ္ဒန်ဆင်မင်းဇာတ်။ အားလုံး သိကြပြီးဖြစ်တဲ့
အတိုင်းပဲ၊ ဇာတ်ကြီးဆယ်ဘွဲထဲက ဆဒ္ဒန်ဆင်မင်းဇာတ်။ စာဆိုတော်ဦးပုညရဲ့ကလောင်စွမ်း၊ အားလုံးမြည်းဖူးကြမှာပါ။ ခံပွင့်ပန်းလို လူတွေအကြောင်းပြောပြီးတော့ ဆဒ္ဒန်ဆင်မင်း ဇာတ်
တော်ထဲက သောနုတ္တရမုဆိုးလို လူတွေအကြောင်း ဆက်ပြောချင်ပါသေးတယ်။
မုဆိုး သောနုတ္တိုရ်ဘာလုပ်သလဲ၊ သတ်တယ်၊ ဖြတ်တယ်၊ ပြီးတော့ရောအခက်အခဲကြုံ
လာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ၊ အဲဒီတော့ သင်ခန်းစာ အဟောင်းလေး ပြန်တွေးကြည့်ရ
အောင်။
ဆဒ္ဒန်ဆင်မင်းဇာတ်အကျဉ်းကို မျှပေါရစေ။ ဆဒ္ဒန်ဆင်မင်းမှာ မိဖုရားနှစ်ပါးရှိတယ်။ မဟာ
သုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါ။ တရက်မှာတော့ ဆဒ္ဒန်ဆင်မင်းက မိဖုရားနှစ်ပါးကို ပန်းပေးမယ်ဆို
လုပ်တယ်။ ဆင်တွေဆိုတော့လည်း သူတို့နည်းသူတို့ဟန်နဲ့ ပန်းပေးတာပေါ့နော်။ မိဖုရား
နှစ်ပါးကို ဝဲညာရံစေလျက် ဆဒ္ဒန်ဆင်မင်းက အင်ကြင်းပင်ကို ဦးနဲ့ဝှေ့တော့ သစ်ပင်ပေါ်က အင်ကြင်းပန်းတွေက ကျလာတာပေါ့။ အဲဒီမှာဖြစ်ချင်တော့ မဟာသုဘဒ္ဒါဘက်ကို ပန်းတွေ
ကျပြီး စူဠသုဘဒ္ဒါဘက်ကိုတော့ ခါချဉ်ကောင်တွေကျလာခဲ့တယ်။ အဲဒီတော့ စူဠသုဘဒ္ဒါက အမျက်တော်ရှသွားခဲ့တယ်။ အဲဒီစူဠသုဘဒ္ဒါမိဖုရားက သေဆုံးသွားပြီး ဒီဘမှာ လူပြန်ဖြစ်ပြီး
ဘုရင်ကြီးရဲ့မိဖုရားဖြစ်နေတယ်။ ဆဒ္ဒန်ဆင်မင်းကတော့ ကံမကုန်သေးဘူး။ ဆင်မင်းဘနဲ့ပဲ ရှိနေသေးတယ်။  အဲဒီမှာ သူ့ရဲ့ဒီဘက လင်တော်မောင်ဘုရင်ကြီးကို သူက ဆဒ္ဒန်မင်းရဲ့
အစွယ်ကို နားကွင်းလုပ်ပန်ချင်တာကြောင့် ဆဒ္ဒန်မင်းကို သတ်ပေးဖို့ ပူဆာတော့တယ်။
အမှန်တော့ ဆဒ္ဒန်ဆင်မင်းကို လက်စားချေတာပေါ့လေ။ အဲဒီတော့ ဘုရင်က မုဆိုး
သောနုတ္တရ်ကို စေခိုင်းတော့တာပါပဲ။
မုဆိုးသောနုတ္တိုရ်အကြောင်း…
ဆဒ္ဒန်ဆင်မင်းကို လုပ်ကြံတယ်။ နောက်ဆုံး ဆဒ္ဒန်ဆင်မင်းက ထိုမုဆိုးကို ဖမ်းမိသွားတာ့ သင်း(သောနုတ္တိုရ်)ဘာလုပ်သလဲ၊ သူ့အပြစ်လွတ်အောင် 'မြမရှား စိန်မရှား အလွန်ပင် များ
သည့်ကြားက နားလေးလေဟန် ဆင်စွယ်ကိုမှ နားတောင်းကွပ်၍ ပန်ဆင်လိုပါသည်'ဆိုပြီး
မိဖုရားကို လွှဲချ၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ 'သူ့မယား ငိုတည့်လျှင် ဟိုလူကြီးက ပျာယီး
ပျာယာ ပဇာအရေး မမျှော်တွေးပဲ ကျွန်တော်မျိုးအား ဆင့်ခေါ်ပြီးလျှင် ဟယ်...နော်လုဒ္ဒက
ဆဒ္ဒန်အစွယ် မရက ဇီနတ္ထိ နင်သေမည်သိဆိုပြီး ဘုရင်ကို လွှဲချနဲ့…ကဲ…ကြည့် ... 
နာက်ဆုံး သူ့ကိုယ်သူတော့ ဘယ်လိုပြောတယ်ထင်သလဲ။
'အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော် ကြံဖော်
ကြံဖက် သုံးယောက်အနက်မှ ကံကွက်ကျား ငမိုက်သား မုဆိုးလေ'တဲ့..သောနုတ္တရတို့
လျှောက်တင်ပုံများ။ ဆဒ္ဒန်ဆင်မင်းက သူ့ကို လာသတ်နေတဲ့၊ သူ့ကို လေးနဲ့ခွင်းထားတဲ့
ဒီမုဆိုးကို အပြစ်ပြောဖို့နေနေသာသာ 'သြာ်…ဒီကောင်လေးလည်း နီးရာဓား
ကြာက်ရရှာတာကိုး၊ သူ့အထက်က ခိုင်းလို့ လုပ်ရရှာတာကိုး'ဆိုပြီး ပြန်ပြီးတော့
တောင် သနားရမလိုလို။ သောနုတ္တိုရ်ရဲ့လုပ်ရပ်ကလေးက အတုယူချင်စရာတောင်
ကောင်းသလိုလို၊ အတုလည်းယူကြပါတယ်။ ထားပါတော့။
ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းက သောနုတ္တရလျှောက်တင်ချက်ကို သဘောပေါက်သွားပြီး ဆဒ္ဒန်ဆင် မင်းရဲ့ယခင်ဘက မိဖုရားစူဠသုဘဒ္ဒါရဲ့လက်စားချေတဲ့ အကြံကို သိရှိသွားတဲ့အခါကြ
တာ့ 'လာင်စာ ရန်ငြှိုး မီးဆက်၍ ပျိုးမည်စိုးသောကြောင့်' 'မိန်းမဆိုး အမုန်း ဒီဘဝနှင့်ပင် ဆုံးစတော့'ဆိုပြီး မုဆိုးသောနုတ္တိုရ်ကို အလိုရှိရာကိပုနိုင်ကြောင်း ပြောလိုက်တဲ့အခါမှာ
စောစောကတော့ သူသေရမှာကို အကြောက်ကြီးကြာက်ပြီး ဉာဏ်နီဉာဏ်နက် အစုံသုံး
ပြီး သူအပြစ်လွတ်အောင် ပျာပျာသလဲရှောင်နေတဲ့ မုဆိုးသောနုတ္တိုရ်တို့များ ပျော်လွန်းလို့ ထတောင်က,သတဲ့။ ဒါပါပဲ။ လူဆိုတာ ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရပြီလို့ ထင်တဲ့အခါ စရိုက်မှန်က ပေါ်လာတတ်တာကိုး။ နောက်ပြီးတော့ ဘာလုပ်သလဲ။
ဦးပုည အရေးအသား အရမ်းကောင်းပါတယ်။ ''မုဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်
တောင်နှင့်၊ အာခေါင်ကိုလှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ်
လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်း
ကိုပွတ်၊ ဤတွင် ပေါက်လွတ် ဗလဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခေါင်တွင်းမှ
သွေးချောင်း ကျလျက် ၊ ကြီးစွာဝေဒနာ၊ ဖြစ်တော်မူ၏''တဲ့။
ကဲ..သောနုတ္ထရတို့ 'မိုက်ချက်ကတော့ ကမ်းကုန်ပဲ'။ မိုက်တယ်ဆိုတာ မိုက်မဲတယ်၊ မိုက်ကန်း
တယ် လို့ပြောချင်တာ၊ ချီးကျူးတာ မဟုတ်ဘူး။ အဲဒီတော့ စာရေးသူ အခုမျှခေဲ့တာ ဆဒ္ဒန်ဆင် မင်းဇာတ်တော်လာ မုဆိုးသောနုတ္ထိုရ်ရဲ့ အကြောင်းကို အဓိက မျှတောပါ။
ထို…မုဆိုး သောနုတ္ထိရ်။ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ အခက်အခဲကြုံလာရင် သူ့အပြစ်လွတ်အောင် ရှောင်တတ်တယ်။ သူများကို အပြစ်ပုံချတတ်
တယ်။ သူ့ကိုယ်သူ သနားစရာဖြစ်အောင်၊ မလွှဲသာမရှောင်သာလို့ လုပ်ရတာ၊ နီးရာဓား
ကြာက်လို့ လုပ်ရတဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင်တယ်။ စကားကြွယ်တယ်၊ ပါးနပ်တယ်၊ ဉာဏ်နီဉာဏ်နက်များတယ်။
သူလုပ်ထားတဲ့ အကုသိုလ်ဒုစရိုက်အလုပ်ကို ပပျောက်စေဖို့ ခါတော်မီ လျှာပေါ်လာ ဇာတ်
လမ်းတွေ ထွင်တတ်တယ်။ အဲ…ဒါပေမယ့် သူ့ရဲ့ပါးနပ်မှုကတော့ သူ့ကို အခါခပ်သိမ်း
ကောင်းကျိုး မပေးခဲ့ပါဘူး။ အဲဒီတော့ သူ့အကြောင်းကို ရာဇဝင်ဆရာများက ဘယ်လို
ရာဇဝင်မှာ စာတင်ခဲ့ပါသလဲ။ “မုဆိုးညစ်ထေး ငမိုက်ခွေး သောနုတ္တိုရ်”တဲ့။ 
အဲဒါကြောင့် သောနုတ္တရမုဆိုးနှင့် တူသောသူများ မိမိကိုယ်ကို အချိန်မီ ပြင်သင့်ပါပြီ။
အချိန်ရှိပါသေးတယ်။ စာရေးသူကတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ် နာမည်တပ်ပြီး
မပြောလိုပါဘူး။ အကုန်လုံးကို ဝါးလုံးရှည်နဲ့ သိမ်းရမ်းတာမျိုး စာရေးသူ မလုပ်ချင်၊
မလုပ်ရဲပါဘူး။ တော်ကြာ ကိုယ်ပါ သောနုတ္တိုရ်လို လူမျိုးစာရင်းထဲ ပါသွားမှဖြင့
ကဲ…ဒီဇာတ်တော်မှာ မုဆိုးသာနုတ္တိုရ် မကောင်းဘူးဆိုတော့ ဘုရင်နဲ့ မိဖုရားကရော။
ရန်ငြှိုးကြီးမားတဲ့ မိဖုရားနဲ့ စဉ်းစားဆင်ခြင်ဉာဏ် မသုံးပဲ မယားအလိုကျ မယားခိုင်း
တာလုပ်တဲ့ဘုရင်။ ဒီလိုပြောလို့လည်း မိန်းမ မကောင်းဘူး၊ ယောက်ျားမကောင်း
ဘူး ပြောတာ မဟုတ်ပါဘူးနော်။ ဇာတ်သဘော အရပြောတာပါ။
ယောမင်းကြီး ဦးဘိုးလှိုင်နှင့် အမတ် ဒိန်မဏိရွတ်
'ယောအတွင်းန် ဦးဘိုးလှိုင်'ဆိုတာနဲ့ ခေါင်းထဲကနေ တန်းထွက်လာမှာပါ။ ငယ်ငယ်တုန်း က အော်ကျက်ခဲ့ရတဲ့ အင်မတန်မှ ပြောင်မြောက်လှတဲ့ ရှင်ဘုရင်ကို လျှောက်တင်ပုံလေး။
''အစ်မ၊ နှမ၊ သမီးကကို စ၍ဆက်နှင်း လက်ဆောင်သွင်း၍ စိုးမင်းချစ်မြတ် ထိုအမတ်သည်
အတတ်မရှိ သတ္တိကင်းကွာ ဘုန်းကြီးလှာမူ ပြည်ရွာပျက်ကြောင်း''ဆိုပြီး မင်းတုန်းမင်းကြီး ကို လျှောက်တင်ခဲ့တာ။ မင်းတုန်းမင်းကြီးက သူ့ကို လှံနဲ့ထိုးမယ် လုပ်တော့ 'ထိုးတော်မူပါ
ဘုရားဆိုပြီး ရင်ကော့ပေးခဲ့တာ။ ဒါပေမယ့် ဘုရင်က မင်းကျင့်တရားနဲ့ ပြည့်စုံတဲ့ဘုရင် ဖြစ်
တော့ သူ့ကို လှံနဲ့မထိုးတဲ့အပြင် အစစအရာရာမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မင်းအလို
လိုက်၊ မင်းအကြိုက် ဆောင်တဲ့ အမတ်မဟုတ်ပဲ ဟုတ်တိုင်းမှန်ရာ လျှောက်တင်ရဲသူ ဆိုပြီး ချီးမွမ်းတော်မူပါသတဲ့။
အမတ်ဒိန်တဲ့။ နာမည်က မွန်နာမည်။ မွန်ရာဇင်မှာတော့ ဆင်ဖြူရှင် ဗညားဦးနဲ့ရာဇာဓိ
ရာဇ်လက်ထက်မှာ အလွန်ကျော်ကြားတဲ့ အမတ်ကြီးပေါ့။ ဆင်ဖြူရှင်ဗညားဦးရဲ့သားတာ်
ဗညားနွဲ(ရာဇာဓိရာဇ်)က သူ့ဖခမည်းတော် နာမကျန်းဖြစ်နေစဉ်မှာ လက်နက်၊ လူသူ စု
ဆောင်းပြီး ထီးနန်းသိမ်းဖို့ ကြံရွယ်တယ်။ ဒါပေမယ့် ထိုဗညားနွဲမင်းသားက သူ့ဖခမည်း
တော်နှင့်သူဟာ ကြားက ပယောဂတွေကြောင့် သွေးကွဲခဲ့ရပေမယ့် သူ့ဖခမည်းတော်
ကိုတော့ သူ တော်တော်ချစ်ပါသတဲ့။ ဒီလိုနဲ့ ဆင်ဖြူရှင် နတ်ရွာစံ ကံတော်ကုန်တော့ ဗညား
နွဲ့ဟာ ဟံသာတီထီးနန်းကို လက်နက်ဗိုလ်ပါတွေနဲ့ သိမ်းပိုက်ဖို့ ရောက်လာခဲ့ပါသတဲ့။
အဲဒီမှာ ဟံသာတီ မြို့တံခါးမှူးက အမတ်ဒိန်။ ရာဇာဓိရာဇ်တပ်တွေ င်ဖို့ မြို့တံခါးကို
က်ပဲ ဖွင့်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ နတ်ရွာစံ ကံတော်ကုန်
သွားတဲ့ ရှင်ဘုရင်ဗညားဦးရဲ့ရုပ်အလောင်းက မသဂြို င်္ဟ်ရသေးဘူးကိုး။ နောက်တော့
ရှင်ဘုရင် ရာဇာဓိရာဇ်က နန်းသိမ်း ဘိသိက်ပွဲခံအပြီး ပထမဆုံးကျင်းပတဲ့ ညီလာခံမှာ
''ငါ့မျက်စိထဲ ဝင်နေတဲ့ စူးနှစ်ချောင်းမှာ တချာင်းက နှုတ်ပြီးပြီ၊ နောက်တချာင်း ကျန်
သေးတယ်''လို့ မိန့်တာကိုး။ သူပြောတဲ့ ဆူးနှစ်ချာင်းဆိုတာ သူ့ရဲ့ယာက်ဖတော်
သမိန်ပရှုနဲ့ အမတ်ဒိန်ကို ပြောတာ။ သမိန်ပရှုကိုတော့ ရာဇာဓိရာဇ်တို့က ကွပ်မျက်ပြီးပြီ။ အမတ်ဒိန်ကျန်သေးတယ်။ သူ့ကို မြို့တံခါးတက်ပဲ ဖွင့်ပေးလို့ အမျက်တော်ရှနေတာ။
ဒါကိုသိတဲ့ အမတ်ဒိန်က ချက်ချင်းပဲ သူဟာ ထီးဆောင်းမင်းကိုသာ ခစားကြောင်း၊
သူပုန်မင်းကို မခစားလိုကြောင်း၊ ရာဇာဓိရာဇ်တို့တပ်တွေ မြို့ထဲင်လာတုန်းကလည်း
ဆင်ဖြူရှင် နတ်ရွာ မစံသေးဘူးဆိုရင် သူက အသက်ပေးပြီး ခုခံမှာဖြစ်ကြောင်း၊ ဒါပေ
မယ့် ဆင်ဖြူရှင်ဗညားဦး နတ်ရွာစံပြီးဖြစ်ပေမယ့် မသဂြိင်္ုဟ်ရသေးလို့ မြို့တံခါးတက်ကို
သာ ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ သူဟာ အဲဒီလို ရာဇာဓိရာဇ်ရဲ့ဖခမည်းတော်အပေါ်မှာ
သစ္စာရှိခဲ့ကြာင်း၊ အခုလည်း ထီးဆောင်းမင်းရာဇာဓိရာဇ်ကို သူယခင်က ဖခမည်း
တော် ဗညားဦး အပေါ်မှာ သစ္စာရှိသကဲ့သို့ သစ္စာရှိမည်ဖြစ်ပြီး အမှုတော်ထမ်းမည်
ဖစ်ကြောင်း လျှောက်တင်တဲ့ အခါ ရာဇာဓိရာဇ်က အမျက်တော်ပြေပြီး သူ့ကို
'မဏိရွတ်ရတနာကဲ့သို့ ထွန်းလင်းတောက်ပ တန်ဖိုးရှိသော အမတ်ဆိုတဲ့ဘွဲကို
ချီးမြှင့်ပြီး သူကောင်းပြုခဲ့ပါတယ်။ ဘုရင်ကတောင် ပြန်ပြီး တန်ဖိုးထားရတဲ့
အမတ်တွေပါ။
မင်းခယောက်ျား ကမ်းပါး သစ်ပင်ဆိုတာ
မြန်မာစာပေမှာတော့ ဆိုရိုးရှိပါတယ်။'မင်းခယောက်ျား ကမ်းပါးသစ်ပင်'တဲ့။ မင်းထံ အခ
စား င်ရတဲ့ ယောက်ျားတွေဟာ ကမ်းပါးက သစ်ပင်တွေလိုပဲ မတည်ငြိမ်ဘူးပေါ့။ ရေကြီး
လို့၊ ကမ်းပါးပြိုလို့ အစရှိတဲ့အကြောင်းတွေကြောင့် အချိန်မရွေး ပြိုလဲပျက်စီးနိုင်တယ်ပေါ့
လေ။ ဒါပေမယ့် အခုစာရေးသူ တင်ပြခဲ့တဲ့ ယောမင်းကြီးတို့လို၊ အမတ်ဒိန်တို့လို မင်းခ
ယောက်ျားမျိုးတွကြတော့ 'ကမ်းပါးသစ်ပင်'တွေ မဟုတ်ကြပါဘူးလို့ စာရေးသူက ဖြည့်
တွေးလေး တွေးမိပါတယ်။ သူတို့က အမှန်တရား၊ သစ္စာတရားအတွက်ဆို သေမှာတောင်
မကြောက်တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ရာထူး စည်းစိမ်ဆိုတာလောက်တော့ စာတောင် ဖွဲ့
ကြမှာ မဟုတ်လို့ပါပဲ။ ဒီလိုလူမျိုးတွေရဲ့သတင်းကတော့ ရာဇင်မှာ အမှန်တကယ်ပဲ ကြည်ညိုစရာ ကောင်းခဲ့ကြပါတယ်။ ဒီနှစ်ဦးတည်းတော့ မဟုတ်ပါဘူး။ အခြားသော
ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ အမတ်များ၊ မင်းခယောက်ျားများလည်း သမိုင်းမှာ
အများကြီးရှိပါသေးတယ်။
ကျန်စစ်မင်းကြီးရဲ့သားတော် ရာဇကုမ္မာ
ကျန်စစ်မင်းကြီးရဲ့သားတော်ရာဇကုမ္မာ အကြောင်းလည်း သိကြပြီးသားပါ။ သူ့ဖ
ခမည်းတ်ာမင်းကြီးက သူ့ကိုထီးနန်းမအပ်ပဲ မြေးတော်ကို ထီးနန်းအပ်လိုက်ပေ
မယ့်လည်း ခမည်းတ်ာကို အမျက်မသိုပဲ ခမည်းတော်ပျံလွန်တော်မူကာနီးမှာ
ခမည်းတော်အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ်ပြုလုပ်ပြီး ခမည်းတော် သာဓု
ခေါ်ဆိုနိုင်စေဖို့ ပြုလုပ်ခဲ့တာ..ဒီလိုသားမျိုး။
ဒီလို စိတ်ဓာတ်မျိုး။ သြော် ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား၊ ခန္တီတရားတွေ၊
စိတ်ဓာတ် ပြည့်တဲ့ သူတွေမှာတော့ မင်းစည်းစိမ်ဆိုတာ မရလည်း အေးဆေးပဲ။
တည်ငြိမ်စွာ သည်းခံနိုင်ကြတာပါလား။ ဒါဟာ စံနမူနာပြုစရာ ကောင်းမြတ်သော စိတ်ဓာတ်တွေပါလားဆိုတာ သိရပါတယ်။ ကြည်ညိုလေးစားရပါတယ်။
ပင်းယစကြို သူမြတ်ရဲ့ ဆုံးမသြဝါဒ
ရာဇာဓိရာဇ်အကြောင်းလေး နည်းနည်း ထပ်ဆက်ချင်ပါသေးတယ်။ အင်း-ဟံသာဝတီ
အနှစ်လေးဆယ် စစ်စဖြစ်ကာစ အချိန်ပေါ့လေ။ အဲဒီအချိန်မှာ အင်းကနေ ပင်းယစကြို
သူမြတ်က မွန်ဘုရင် ရာဇာဓိရာဇ်ဆီကို ငြိမ်းချမ်းရေးသြဝါဒ စကားမြွက်ကြားဖို့ ကွရောက်
တော်မူပါတယ်။ ရာဇာဓိရာဇ်ကလည်း ပင်းယစကြိုသူမြတ်ကို ကောင်းမွန်စွာ ကြိုဆိုဧည့်ခံ
ပြီး ပင်းယ စကြိုသူမြတ်ကို ကြည်ညိုတာရော၊ ပြီးတော့ ပင်းယစကြိုသူမြတ်အရှေ့မှာ ရာဇာ
ဓိရာဇ်ရဲ့တပ်က သမိန်သံကြယ် ဝင်လာပြီး ရွှေကြယ်ယက် ဘုရားကနေ ဖမ်းဆီးလာတဲ့
အင်းသား ဘုရားကျွန် ၇ ယောက်နဲ့ ခေါင်းပြတ် ၃၀ လောက်ကို ရာဇာဓိရာဇ်ကို လာ
ရောက် ဆက်တာကို စကြိုသူမြတ် မြင်တော့ အတော်လေး စိတ်မကောင်းဖြစ်သွားပြီး
ရာဇာဓိရာဇ်ကို ''အင်းကို ချီလာတာ သာသနာတော်ကို မြှောက်စားဖို့လို့ ပြောပြီး
ခုတော့ ဘုရားယျောစ္စလုပ်နေတဲ့ ဥပါသကာတွေကို သတ်တာမြင်ရလို့ ဒါတွေကို မမြင်
ချင်တော့ဘူး၊ အင်းဝပြန်ကြွတော့မယ်ဆိုတာ့ ရာဇာဓိရာဇ်က သူ့တပည့်တွေကို အရေး ယူပါ့မယ်လို့ လျှောက်တယ်။ ပင်းယစကြို သူမြတ်ကလည်း သူ့ကို အာပတ်သင့်အောင်
ထပ်မလုပ်ဖို့ မိန့်တယ်။ ရာဇာဓိရာဇ်က အင်းသားတွေကို သတ်ဖြတ်ပြီး သူ့ကို လာဆက်
သတဲ့ သူ့လက်အောက်ငယ်သားတွေကို အရေးယူမယ်ဆိုတာကို စကြိုသူမြတ်က လက်
မခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စကြိုသူမြတ်ကြာင့်သာ ရာဇာဓိရာဇ်ရဲ့ငယ်သားတွေ ကွပ်မျက်ခံရမယ်ဆိုရင် စကြိုသူမြတ် အာပတ်သင့်မှာမို့ပါ။
သြာ် ဝိနည်းနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ ရဟန်းသံဃာတော်များ အတော်လေးစားဖို့
ကောင်းပါလား။ တကယ်တမ်း စဉ်းစားကြည့်ရင် စကြိုသူမြတ်က အင်းသား(အင်းက
ကြွလာတာ)၊ ရာဇာဓိရာဇ်တို့က ဟံသာတီ၊ အဲဒီအချိန်က အင်းနဲ့ ဟံသာတီ စစ်ဖြစ်
နေတဲ့အချိန်။ ဒါကို အင်းက ကြွလာတဲ့ စကြိုသူမြတ်က အင်းကို တိုက်နေတဲ့ ဟံသာတီ
တပ်သားတွေကို သူတို့ဘုရင်က ကွပ်မျက်မယ်ဆိုတာကို ဟန့်တားတာ။ ကြည့်..။ ရန်သူကိုတောင်မှ မေတ္တာထားတာ။ ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အရေးယူရင်
ပင်းယစကြို သူမြတ်ကြောင့်ဆိုပြီး ဖြစ်မှာကို လက်မခံတာပါ။ နောက်ဆုံး ရာဇာဓိရာဇ်က
အင်းကို မတိုက်တော့ပါဘူးလို့ ပင်းယစကြိုသူမြတ်ကို ကတိပေးတယ်။ ပြီးတော့ ရာဇာဓိ
ရာဇ်က ဘုရားကျောင်းတော် တဆောင်ဆောက်လုပ်ဖို့ ခွင့်တောင်းတော့ ပင်းယစကြို
သူမြတ်က ခွင့်ပြုတယ်။ ဒါနဲ့ရာဇာဓိရာဇ်လည်း သူစီးလာတဲ့ ရွှေဖောင်တော်ကြီးကို ဖျက် ပြီး ရွှေကြယ်ယက်ဘုရား တံတိုင်းတော်မှာ ဘုရားကျောင်းတဆောင် ဆောက်လုပ်လ
န်းပြီး ဟံသာတီအပြန်လမ်းမှာ ပုဂံမှာရှိတဲ့ ဘုရားတွေ င်ဖူးဦးမှာမို့ စကြိုသူမြတ်
ကိုလည်း ဘုရားဖူးလိုက်ဖို့ပင့်တော့ စကြိုသူမြတ်လည်း လိုက်မယ်လို့ကတိပြုတာပေါ့။
ဟံသာတီတပ်တွေ စစ်ကိုင်းကနေ တပ်ဆုတ်ပြီး ဧရာတီမြစ်ရေနဲ့အတူ စုန်ဆင်းသွားတာ
ကို မြင်တာနဲ့ အင်းဘုရင်မင်းခေါင်က ရာဇာဓိရာဇ်လထားတဲ့ ရွှေကြက်ယက်ဘုရားက
ကျောင်းဆာင်ကို မီးရှို့ဖျက်ဆီးခိုင်းတော့တာပဲ။ အဲဒီအချိန် ရာဇာဓိရာဇ်ရဲ့တပ်ကြီးတွေက
သိပ်ဝေးဝေး မရောက်သေးဘူး။ ဒီတော့ ရွှေကြက်ယက်ဘုရားဘက်က မီးခိုးလုံးတွေ တလိပ်
လိပ် တက်လာတာကို ကြည့်ပြီး သူလထားတဲ့ ကျောင်းဆောင်ကို ဘုရင်မင်းခေါင် မီးရှို့ပြီ
ဆိုတာ ရာဇာဓိရာဇ် သဘောပေါက်တာပေါ့။ သူ့တပ်တွေကိုလည်း အင်းကိုပန်လှည့်ခိုင်းပြီး အင်းကို ပြန်တိုက်ဖို့ လုပ်နေပြီ။ စကြိုသူမြတ်လည်း ဘုရင်မင်းခေါင်လုပ်ရပ်ကြောင့် အတော်
ကလေး စိတ်မကောင်းဖြစ်သွားပြီ။ ဒါပေမယ့် ရာဇာဓိရာဇ်ကို သြဝါဒစကား
မွက်ကြားပါတယ်။
'ဒကာတော်အရှင်မင်းကြီး၊ မီးခဲကို ကိုင်သူဟာ မီးလောင်သလိုပဲ၊ အရှင်မင်း ရေစက်ချ လှူဒါန်းထားတဲ့ ကျောင်းဆောင်တော်ဟာ သာသနာပိုင်ဖြစ်သွားပြီ၊ သာသနာ့ပစ္စည်းကို
ဖျက်ဆီးသူဟာ သူပြုတဲ့အကြောင်းအတိုင်း ပျက်စီးမှုအကျိုးကို ရတော့မယ်။ အရှင်မင်းကြီး ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်ကြောင့်ဖြစ်တဲ့ ပီတိစိတ်ကို အပျက်စီးမခံပါနဲ့၊ ခန္တီ
တရားကိုသာ လက်ကိုင်ထားပါ'လို့ ဆုံးမတော်မူပါတယ်။ ရာဇာဓိရာဇ်လည်း စကြိုသူမြတ် ရဲ့ဆုံးမသြဝါဒစကား၊ ပြီးတော့ သမိန်ဗြဇ္ဇနဲ့ အမတ်ဒိန်တို့လို အမတ်ကြီးတွေကပါ အင်းကို အခုနေသွားတိုက်ရင် အကျိုးထက် အပြစ်ပိုများလိမ့်မယ့်အကြောင်း လျှောက်တင်တော့
ဒေါသပြေပြီး ဟံသာတီ ပြန်သွားပါတော့တယ်။
နိုင်ငံရေးကစားတဲ့ နေရာမှာ သာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့သူတွေဟာ အသုံးချ 
ခံ မဖြစ်သင့်ပါဘူးဆိုတဲ့ အကြောင်းကို ပြောထားတဲ့ သမိုင်းအဖြစ်အပျက်လေးပါ။ အဲဒီလို
မဟုတ်ပဲ ဒီသာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ထိပါးခဲ့ရင်တော့
စကြိုသူမြတ် ဟောသလို မီးခဲကို ကိုင်မိသူလို ဖြစ်ပြီး မီးလောင်ပါလိမ့်မယ်လို့သာ 
မျှချေင်ပါတာ့တယ်။
လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံတဲ့ စစ်သည်တော် သူရဲကောင်း လဂွန်းအိမ်
ရာဇာဓိရာဇ်လက်ထက်က ထင်ရှားခဲ့တဲ့ သူရဲကောင်း စစ်သည်တော်ပါ။ လဂွန်းအိမ် အကြောင်းပြောရရင်တော့ တော်တော်များပါတယ်။ ရဲစွမ်းသတ္တိရှိတယ်၊ စစ်သည်တော်
ယောက်ျားကောင်းပီသတယ်၊ ဒါပေမယ့် သူ့ဘုရင်ကို ကလေးဆိုးလို ဆိုးပြတယ်။၊ ဘုရင်
ကိုတောင် သူကပြန်ပြီး အချစ်စမ်းလိုက်သေးတယ်။ အန္တရာယ်များတဲ့ စစ်ပွဲတပွဲ မတိုက်ရ
သေးခင်မှာ သှုင် ရာဇာဓိရာဇ်နဲ့မိဖုရားက တပ်သားတွေကို အားပေးတယ်။ ပြီးတော့
စစ်ထွက်မယ့်အချိန် လဂွန်းအိမ်တို့ အိပ်ရာက မထ၊ ဘာဖြစ်လို့လဲလို့မေးတော့ ခုန သူတို့
စစ်သည်တော်တွေကို လာအားပေးသွားတဲ့ သုရှင်ရာဇာဓိရာဇ် မိဖုရားကို ကြိုက်လို့၊ အဲဒီ
မိဖုရား အလှမှာ ယစ်မူးသွားလို့၊ အဲဒီမိဖုရားကို သူ့မပေးရင် သူ့ကို သတ်ချင်သတ်၊ သူ စစ်
မထွက်ဘူး ဆိုတာကိုး။
အမတ်တွေလည်း ခေါင်းမီးတောက်ပြီး ရာဇာဓိရာဇ်ကို လျှောက်တော့ ရာဇာဓိရာဇ်က ရုတ်တရက်တော့ ဒေါသထွက်တယ်။ ဒါပေမယ့် စစ်ဘုရင်ဆိုတော့လည်း စစ်သားကို
ပိုအလေးထားသလား မဆိုနိုင်ပါဘူး။ သူ့မိဖုရားကို ဖောင်တော်နဲ့ လဂွန်းအိမ်ဆီကို ပို့
လွှတ်လိုက်တယ်။ မိဖုရားကလည်း ငိုလို့။ ကဲ..ကြည့်။ အဲဒီခေတ်က အမျိုးသမီးများ။ ဘုရင့် မိဖုရားဖြစ်ရတာတောင်။ ထားပါတော့။ အဲဒီလိုနဲ့ လဂွန်းအိမ်ဆီရောက်လာတော့ လဂွန်း
အိမ်က ဘုရင့်မိဖုရား သူ့ဆီလာပြီကို သိတာနဲ့ သူ့တပ်သားတွေကိုခေါ်၊ ပန်းနဲ့ အမွှေးနံ့
သာတွေနဲ့ ကန်တော့ပွဲဆင်ပြီး မိဖုရားကို ကန်တော့တောင်းပန်၊ အခုတိုက်မယ့် တိုက်ပွဲ
က အန္တရာယ်အရမ်းကီးတာမို့ သုရှင်က သူ့ကို တကယ်ချစ်/မချစ်သိချင်လို့ သုရှင်ကို
အချစ်စမ်းတာပါ၊ တကယ်တာ့ သူ့မှာ မိဖုရားကို စော်ကားလိုစိတ် မရှိပါဘူး ဆိုပြီး
မိဖုရားကို ကန်တော့၊ ပြီးတော့ သုရှင် ရှိရာ ဒေသဖက်ကို မှန်းဆပြီးကန်တော့၊ အဲဒီလို
ပွဲခံတာ။ အဲဒါ လဂွန်းအိမ်။
အဓိက မျှချေင်တဲ့ အကြောင်းပဲပြောပါတော့မယ်။
အင်းနဲ့ဟံသာတီ စစ်ပွဲက အနှစ်(၄၀)လုံးလုံး မနားတမ်း တိုက်နေတာ မဟုတ်ဘူးလေ။
ငြိမ်းချမ်းရေးစကား ဆိုတဲ့အချိန်ရှိတယ်၊ စစ်နားထားတဲ့ အချိန်တွေလည်းရှိတယ်။
ထားပါတော့။
တခါတော့ အင်းဘက်က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းတော့ ရာဇာဓိရာဇ်က သဘောတူတယ်။ အင်းတပ်သားတွေနဲ့ ဟံသာတီတပ်သားတွေဟာ နှစ်ဖက်တပ်တွေကြားက သဲသောင်ပြင်
မှာ နိုင်ငံရေး၊ တိုင်းရေးပည်ရေး ဆွေးနွေးမယ်။ ပြီးရင် ငြိမ်းချမ်းရေး စာချုပ်ချုပ်မယ်ပေါ့။
အဲဒီပွဲကို ပဲခူးက အိမ်ရှင်ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီပွဲအတွက် မဏ္ဍပ်ထိုးဖို့၊ အခင်း အကျင်း ပြင်ဆင်ဖို့နဲ့ စားရေးသောက်ရေးကို တာန်ယူတယ်။ အဲဒီပွဲက ငြိမ်းချမ်းရေးပွဲဆို
တော့ နှစ်ဖက် စစ်သည်တော်တွေ လက်နက် မယူလာရဘူးပေါ့။ ဒါပေမယ့် ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အဲဒီပွဲကျင်းပမယ့် သဲသောင်ပြင်မှာ လက်နက်တွေ ကြိုမြှုပ်နှံထားဖို့ မှာပြီး
သား၊ အင်းတပ်သားတွကို ရှင်းဖို့ပေါ့။
သစ္စာပြုမဏ္ဍပ်ဟာ နှစ်ဖက်တပ် ချထားရာနဲ့ နည်းနည်းလှမ်းတယ်။ နှစ်ဖက်မှူးမတ်တွေဟာ ရာထူးအဆင့်တူချင်း  တတွဲစီတွဲပြီး သွားရသတဲ့။ အဲဒီပွဲမှာ လဂွန်းအိမ်နဲ့ တွဲရတဲ့ အင်းဘက်
က မှူးမတ်က မိုးညှင်းသတိုးတဲ့။ အဲဒီမှာ မိုးညှင်းသတိုးက လဂွန်းအိမ်ကို ''ခင်ဗျားလည်းစစ်
သား၊ ကျွန်တော်လည်းစစ်သား၊ စစ်သားစကားပြောကြရအောင်၊ ဒီပွဲက တကယ်ရော
ဖြောင့်မတ် မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့လုပ်တဲ့ ပွဲလား''လို့ မေးပါသတဲ့။ အဲဒီမှာ ဇာတ်
လိုက်ကျော်ကြီး လဂွန်းအိမ်က မိုးညှင်းသတိုးကို ''ခင်ဗျားရူးနေလား၊ ခင်ဗျားတို့နဲ့ ကျုပ်တို့
စစ်တိုက်နေတာ၊ စစ်သဘောမှာ အောင်မြင်မှုဆိုတာကလွဲလို့ တရားမျှတမှုဆိုတာ ရှိလို့
လား၊ ခင်ဗျားကို ကျုပ်ရလည်း ခင်ဗျားကို ကျုပ်သတ်မှာပဲ၊ ကျုပ်ကို ခင်ဗျားရလည်း ကျုပ်ကို
ခင်ဗျားသတ်မှာပဲ၊ စစ်တိုက်ရင်းပြုတဲ့ သစ္စာဟာ ယုံကြည်ထိုက်တယ်လို့ ခင်ဗျားထင်နေတုန်း
လား ဒါဆို ခင်ဗျား ရူးနေလို့ပေါ့ဗျာ”လို့ ခပ်ပြတ်ပြတ်ပြန်ပြော 
မိုးညှင်းသတိုးကလည်း ပါးနပ်တော့ ချက်ချင်းပဲ သူတို့ခေါင်းဆောင် မြင်စိုင်းစား သရေစည်
သူကို သွားပြောတော့ ရာဇာဓိရာဇ် အကြံမအောင်ပဲ ပွဲပျက်၊ ရာဇာဓိရာဇ်က လဂွန်းအိမ်ကို
အမျက်ထွက်ပြီး ကွပ်မျက်ဖို့မိန့်၊ ဒါပေမယ့် အမတ်ဒိန်တို့၊ သမိန်ဗြဇ္ဇတို့၊ မင်းကံစီတို့၊ အဲ
မွန်ဒယာတို့ ကယ်လို့ လဂွန်းအိမ် လွတ်ငြိမ်းချမ်းသာခွင့်ရ။ စာရေးသူ မျှချေင်တဲ့ လဂွန်း
အိမ်အကြောင်းပါ။ ''သူ့ဘုရင်ကို သူသိပ်ချစ်တယ်။ အရမ်းလည်း သစ္စာရှိတယ်။ ဒါပေမယ့်
သူ့ဘုရင်လည်း သူ့အရှေ့မှာ မတရားတာ၊ မမှန်ကန်တာ မလုပ်နဲ့၊ လဂွန်းအိမ်ကတော့ အသေသာခံလိုက်မယ်၊ သူ့ဘုရင်ကိုတော့ ရာဇင်မှာ နာမည်အပျက်ခံမှာ မဟုတ်ဘူး''
 ဒီလိုစစ်သားမျိုး။ ရှာမှရှားတဲ့ အာဂစစ်သည်တော်။ ရာဇာဓိရာဇ် ကံကောင်းပါတယ်။
သူ့အနားမှာ အမတ်ဒိန်တို့လို၊ မင်းကံစီတို့လို၊ လဂွန်းအိမ်တို့လို ပုဂ္ဂိုလ်ကျော်တွေ ရှိနေ
တာ။ ဒါကြောင့်လည်း ရာမညတိုင်းဌာနမှာ ရာဇာဓိရာဇ်တို့ နာမည်ကျော်ခဲ့တာပေါ့။
စာရေးသူလည်း ဒီနေရာမှာ အလျဉ်းသင့်လို့ ဗျတ်ဝိဗျတ္တတို့အကြောင်း ရေးချင်တာပါ့။
တော်ကြာ ''ဟာ..ဒီကောင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေပြီ''လို့ အပြောခံရမှာစိုးလို့။ မရေး
ချင်ပဲနမလားနော်၊ ပုဂံရာဇင်ရဲ့အာဂစစ်သည်တော်တွေပဲဟာ။ ပုဂါရာမ ပုဂံနေပြည်
တော်ကြီးမှာ ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းတောက်ပစေဖို့ သထုံဘုရင်မနူဟာဆီက
ပိဋကတ်သုံးပုံပင့်ဖို့ ချီရာမှာ အသက်ပေးဆပ်ခဲ့ရတဲ့ မြန်မာမွတ်စလင်မ် စစ်သည်တော်ပဲ
ဟာ။ ဗျတ္တက မွတ်စလင်မ်လို့ မင်းဘယ်သူ ပြောတုန်းလို့ မေးလာခဲ့ရင်တော့ သမိုင်း
ပါမောက္ခ(ငြိမ်း)၊ သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့် ကိုသာ မေးကြည့်ကြပါ။
ပြီးခဲ့တဲ့ လအနည်းငယ်က တော်င်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့တဲ့ ဦးရာရှစ်အခမ်းအနားမှာ
သူပြောခဲ့တဲ့ မိန့်ခွန်းလေးလည်း နားထောင်ကြည့်ကြပါ။ အခြားပညာရှင်တွေ ရေးတဲ့
စာအုပ် စာတမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ တောင်ပြုန်းကိုလည်း သွားကြည့်ကြ
ပါဦး။ ဗျတ္တရဲ့သားတော်နှစ်ပါးဖြစ်တဲ့ ရွှေဖျဉ်းညီနောင်(မင်းကြီးမင်းလေး) ကိုးကွယ်သူများ
က သူတို့ ကိုးကွယ်တဲ့ နတ်များက မွတ်စလင်မ်နတ်တွေ ဖြစ်လို့ဆိုပြီး က်သားမစားကြပါ
ဘူး။ တချို့များဆိုရင် 'သာကြာနေ့ဆိုရင် မင်းကြီး၊မင်းလေး နတ်နှစ်ပါးကို ပင့်လို့ မရပါဘူး
တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဗလီသွားတက်နေကြလို့တဲ့'ကဲ..အေးရော။
အခုဒီဆောင်းပါးမှာ စာရေးသူ တင်ပြခဲ့တဲ့ သံဃာတော်၊ ရှင်ဘုရင်များ၊ အမတ်များ၊ သူရဲ
ကောင်းများအစရှိတဲ့ ကောင်းမြတ်သော စံနမူနာ ယူထိုက်စရာ သံဃာတော်များနဲ့ ရှင်ဘုရင်
များ၊ မင်းခလုလင်များ၊ စစ်သည်တော်များ စာရေးသူတို့ မြန်မာပြည်မှာ များစွာပေါ်ထွန်းခဲ့
ပါတယ်။ စာရေးသူ လက်လှမ်းမီရာကိုသာ ပြန်လည်မျှဝေခြင်းပါ။
-
အချုပ်အားဖြင့်တော့ သာလွန်မင်းတို့၊ မင်းတုန်းမင်းတို့လို ဘုရင်မျိုး၊ အမတ်ဒိန်တို့လို၊ ယော
မင်းကြီးတို့လို အမတ်မျိုး၊ လဂွန်းအိမ်တို့လို စစ်သည်မျိုး၊ ရာဇကုမ္မာလို သားကောင်း
သားမတ်မျိုးတွေနဲ့သာ စာရေးသူတို့ တိုင်းပြည်ကြီး ရှေ့ခရီးဆက်ရမည်ဆိုလျှင်တော့
စာရေးသူတို့ တိုင်းပြည်ကြီးဟာ'လောကနိဗ္ဗာန်ကဲ့သို့အလား'ထင်မှတ်မှားရပါလိမ့်မယ်။
မုဆိုးသာနုတ္တိုရ်လို လူမျိုးတွေကိုတော့ ဝေးဝေးက ရှောင်ရပါလိ့မ်မယ်လို့ အကြံပြု
တိုက်တွန်းရင်း။
(သန့်ဇင်အေး)
မှီငြမ်း
၁။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း (ဒေါက်တာနိုင်ပန်းလှမြန်မာပြန်)
၂။ တက္ကသိုလ်င်တန်းနှင့် အဆင့်မြင့်တန်း (မြန်မာစာအထူးပြု)အတွက် မြန်မာစာနှင့်
မြန်မာ့သမိုင်း သင်ရိုးညွှန်းတမ်း စာအုပ်များ။
-
(ဆောင်းပါးရှင်ဟာ မွတ်စလင်စ်မ် ဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာ ရှေးထဲက အတူ
နေထိုင်သူများကို လူမျိုးဘာသာ ခွဲခြားမှု မရှိပဲ သမိုင်းကိုလဲ သိစေချင်၊ မြန်မာတို့အား
အမှန်နဲ့ အမှားများ၊ အထီးအမများကို ခွဲခြား သိစေချင်လို့ သိမ်းလိုက်သည်။)
Cd တိုးတိုး
Friday, May 11, 2018
လွယ်လွယ်မပြောလိုက်ပါနဲ့ 
လွယ်လွယ်မပြောလိုက်ပါနဲ့ 
__________________________
လူဆိုတာ ကိုယ့် " ကတိစကား " တစ်ခွန်းကို
အသက်နဲ့ ထပ်တူ တန်ဖိုးထားတတ်ရပါမယ် ။
ကိုယ့်နှုတ်ကထွက်တဲ့ စကားကိုလည်း  တာဝန်ယူနိုင်
ရပါမယ် ။
ချစ်သူတွေကြားသော်လည်းကောင်း ၊
မိတ်ဆွေတွေကြားဆက်ဆံရေးသော် လည်းကောင်း ၊
နောက်ဆုံး မိဘနဲ့ သားသမီးကြား ၊
မောင်နှမဆွေမျိုးကြား ဆက်ဆံရေးတွေမှာ
" ကတိစကား " တစ်ခွန်း ဟာ ရေရှည် ပေါင်းသင်း
ဆက်ဆံရေးအတွက် ခိုင်မာတဲ့ ပေါင်းကူး တံတားနဲ့ 
အလားသဏ္ဍာန်တူညီစေပါတယ် ။
ကိုယ့်ဖက်က ပြီးရင်ပြီးရောဆိုတဲ့ အတွေးနဲ့ 
" ကတိ " ပေးမိခဲ့သည်ရှိသော်
အလေးနက်ထားတတ်သူ တဖက်လူ အတွက်က
အားကိုးတကြီးနဲ့  အမျှော်လင့် စောင့်ဆိုင်းနေတာ
တွေလည်း ရှိပါတယ် ။
ကတိစကား ကို မပေးခင်က
အကျိုးအကြောင်း အဆိုးအကောင်းကို
ဘာလို့ လည်းဆိုရင်
ကိုယ်ပေးလိုက်တဲ့ စကားတစ်ခွန်းမှာ
ဒုက္ခရောက်သွားစေနိုင်ပါတယ် ။
ကတိသစ္စာဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့
ရှေးလူကြီးတွေရဲ့ စကားဟာ
သွေးထွက်အောင်မှန်ပါတယ် ။
လူဆိုတာ ဒီနေ့ ထမင်းဝအောင်စားပြီး
မနက်ဖြန်သေရမှာ မဟုတ်ဖူး ဘဝခရီးရှည်ကြီးမှာ
လူ့ ပတ်ဝန်းကျင်ထဲ လှုပ်ရှား
ရှုန်းကန် အသက်ရှင်ရပါဦးမယ် ။
လူမှုပတ်ဝန်းကျင်ထဲ
ရှင်သန်နေသမျှကာလပတ်လုံး 
ကတိတည်သောသူအတွက်
ဘဝခရီးဖြောင့်ဖြူးစေပေမယ့် !
ကတိမတည်တဲ့သူရဲ့ ဘဝခရီးကတော့
ဘယ်သောအခါမှ
ဖြောင့်ဖြူးလာမှာ မဟုတ်ပါဘူး ။
ကတိမတည်တဲ့သူတွေရဲ့ ဘဝဟာ
ရေပေါ် ပေါ်နေတဲ့ ဗူးသီးခြောက် လိုပဲ ဦးတည်ရာမရှိ
မျှောနေမှာဖြစ်သလို
ပတ်ဝန်းကျင်ရဲ့ သွေဖယ်ခြင်းကိုလည်း ခံရတတ်ပါတယ် ။
လိုရာ ဘဝခရီးပန်းတိုင်မှာလည်း ကူကယ်သူမဲ့ပြီး
ပိုဝေးစေပါတယ် ။
ဒါကြောင့် ကတိစကားဆိုတာ ယူတဲ့လူထက်
ပေးရမဲ့သူကတာဝန်ကြီးတယ် ဆိုတာ
မေ့ မထားသင့်သလို
ကိုယ်ပေးလိုက်တဲ့ ကတိစကားဟာ
မိမိအတွက်လည်း အကျိုးမယုတ်ပါဘူး ။
မကူညီနိုင်ရင် ကတိမပေးပါနဲ့  တဖက်လူအတွက်
ဒုက္ခပိုသွားစေနိုင်ပါတယ် ။
ကိုယ့်စကားကိုယ် မထိန်းနိုင်ရင်လည်း ကတိမပေးပါနဲ့ 
လူတဖက်သားကို နှိပ်စက်ရာကျစေပါတယ် ။
မဖြစ်နိုင်ရင်လည်း ကတိကြိုမပေးပါနဲ့  ကိုယ့်အတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်သွား စေနိုင်ပါတယ် ။
ဒါကြောင့်
ဒီနေ့ ထမင်းစားပြီး မနက်ဖြန် ဘဝခရီးဆက်ကြမဲ့
လူတွေမှာ ကတိစကားဟာ မိမိအသက်ထက်
ပိုတန်ဖိုးရှိစေ ပါတယ် ။
နှုတ်ကအလွယ် မထွက်သင့်သော
စကားဆိုတာကိုလည်း သတိမူနိုင်ကြပါစေ ။
#MayNoe (12/5/2017)
စာကိုနှစ်သက်ရင် လွတ်လပ်စွာ share နိုင်ပါတယ်
copy ယူလျှင် credit ပေးပေးပါ
Credit
ဆောက်​လုပ်​​ရေးနှင့်​လယ်​ယာ​မြေ
RE