Friday, May 11, 2018
လွယ်လွယ်မပြောလိုက်ပါနဲ့ 
လွယ်လွယ်မပြောလိုက်ပါနဲ့ 
__________________________
လူဆိုတာ ကိုယ့် " ကတိစကား " တစ်ခွန်းကို
အသက်နဲ့ ထပ်တူ တန်ဖိုးထားတတ်ရပါမယ် ။
ကိုယ့်နှုတ်ကထွက်တဲ့ စကားကိုလည်း  တာဝန်ယူနိုင်
ရပါမယ် ။
ချစ်သူတွေကြားသော်လည်းကောင်း ၊
မိတ်ဆွေတွေကြားဆက်ဆံရေးသော် လည်းကောင်း ၊
နောက်ဆုံး မိဘနဲ့ သားသမီးကြား ၊
မောင်နှမဆွေမျိုးကြား ဆက်ဆံရေးတွေမှာ
" ကတိစကား " တစ်ခွန်း ဟာ ရေရှည် ပေါင်းသင်း
ဆက်ဆံရေးအတွက် ခိုင်မာတဲ့ ပေါင်းကူး တံတားနဲ့ 
အလားသဏ္ဍာန်တူညီစေပါတယ် ။
ကိုယ့်ဖက်က ပြီးရင်ပြီးရောဆိုတဲ့ အတွေးနဲ့ 
" ကတိ " ပေးမိခဲ့သည်ရှိသော်
အလေးနက်ထားတတ်သူ တဖက်လူ အတွက်က
အားကိုးတကြီးနဲ့  အမျှော်လင့် စောင့်ဆိုင်းနေတာ
တွေလည်း ရှိပါတယ် ။
ကတိစကား ကို မပေးခင်က
အကျိုးအကြောင်း အဆိုးအကောင်းကို
ဘာလို့ လည်းဆိုရင်
ကိုယ်ပေးလိုက်တဲ့ စကားတစ်ခွန်းမှာ
ဒုက္ခရောက်သွားစေနိုင်ပါတယ် ။
ကတိသစ္စာဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့
ရှေးလူကြီးတွေရဲ့ စကားဟာ
သွေးထွက်အောင်မှန်ပါတယ် ။
လူဆိုတာ ဒီနေ့ ထမင်းဝအောင်စားပြီး
မနက်ဖြန်သေရမှာ မဟုတ်ဖူး ဘဝခရီးရှည်ကြီးမှာ
လူ့ ပတ်ဝန်းကျင်ထဲ လှုပ်ရှား
ရှုန်းကန် အသက်ရှင်ရပါဦးမယ် ။
လူမှုပတ်ဝန်းကျင်ထဲ
ရှင်သန်နေသမျှကာလပတ်လုံး 
ကတိတည်သောသူအတွက်
ဘဝခရီးဖြောင့်ဖြူးစေပေမယ့် !
ကတိမတည်တဲ့သူရဲ့ ဘဝခရီးကတော့
ဘယ်သောအခါမှ
ဖြောင့်ဖြူးလာမှာ မဟုတ်ပါဘူး ။
ကတိမတည်တဲ့သူတွေရဲ့ ဘဝဟာ
ရေပေါ် ပေါ်နေတဲ့ ဗူးသီးခြောက် လိုပဲ ဦးတည်ရာမရှိ
မျှောနေမှာဖြစ်သလို
ပတ်ဝန်းကျင်ရဲ့ သွေဖယ်ခြင်းကိုလည်း ခံရတတ်ပါတယ် ။
လိုရာ ဘဝခရီးပန်းတိုင်မှာလည်း ကူကယ်သူမဲ့ပြီး
ပိုဝေးစေပါတယ် ။
ဒါကြောင့် ကတိစကားဆိုတာ ယူတဲ့လူထက်
ပေးရမဲ့သူကတာဝန်ကြီးတယ် ဆိုတာ
မေ့ မထားသင့်သလို
ကိုယ်ပေးလိုက်တဲ့ ကတိစကားဟာ
မိမိအတွက်လည်း အကျိုးမယုတ်ပါဘူး ။
မကူညီနိုင်ရင် ကတိမပေးပါနဲ့  တဖက်လူအတွက်
ဒုက္ခပိုသွားစေနိုင်ပါတယ် ။
ကိုယ့်စကားကိုယ် မထိန်းနိုင်ရင်လည်း ကတိမပေးပါနဲ့ 
လူတဖက်သားကို နှိပ်စက်ရာကျစေပါတယ် ။
မဖြစ်နိုင်ရင်လည်း ကတိကြိုမပေးပါနဲ့  ကိုယ့်အတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်သွား စေနိုင်ပါတယ် ။
ဒါကြောင့်
ဒီနေ့ ထမင်းစားပြီး မနက်ဖြန် ဘဝခရီးဆက်ကြမဲ့
လူတွေမှာ ကတိစကားဟာ မိမိအသက်ထက်
ပိုတန်ဖိုးရှိစေ ပါတယ် ။
နှုတ်ကအလွယ် မထွက်သင့်သော
စကားဆိုတာကိုလည်း သတိမူနိုင်ကြပါစေ ။
#MayNoe (12/5/2017)
စာကိုနှစ်သက်ရင် လွတ်လပ်စွာ share နိုင်ပါတယ်
copy ယူလျှင် credit ပေးပေးပါ
Credit
No comments:
Post a Comment
ဆောက်​လုပ်​​ရေးနှင့်​လယ်​ယာ​မြေ
RE