နည်းမှန် လမ်းမှန် 😁
* ဟင် . . . သဲလေး ပြောလေ *
* သဲလေ လားစီးချင်တယ် . . . *
* အမ် . . . မရွံ မရှာကွာ . . . *
* ဘာလဲ သဲကန္တာရ မှာ စီးတဲ့ လားကို ပြောတာ. . . *
* ကိုယ်လည်း အဲဒါ ပြောတာပါ သဲက ဘာထင် လို့လဲ . . . *
* ဟွန်း . . . ကိုကို နော် . . . *
ငတိမက ကြံကြံ ဖန်ဖန် လားစီးချင်တယ် တဲ့
လား ဆိုတာ ကျုပ်တို့ ဆီမှာ ရှိမှ မရှိပဲ ကို . . .
* ဒီမှာက လား မရှိဘူးလေ သဲရဲ့ တခြားဟာ စီး . . . *
* ဒါဆို ဘာစီးရ မှာလဲ . . . *
* ချားစီး ကြည့် ပါလား . . . *
* ထွီ. . . ရွံတာ . . . *
* လှည့်တဲ့ ချားကို ပြောတာပါ . . . *
* ဟာ . . . အဲဒါ မစီးချင် ပါဘူး . . . အကောင် တစ်ကောင် စီးချင်တာ . . . *
* ဒါဆို . . . မြင်းစီး မလား သဲ . . .*
* ဟယ်. . . အဲဒါ ကောင်းတယ် . . .သွားမယ်လေ . . .*
.
.
.
ငတိမက နှစ်ခါ မဆွယ်ရ ဘူး . . .
ဒါနဲ့ မြင်းပေါ်ကိုလည်း တင်ပေး လိုက်ရော . . .
ငတိမက စပ်ဖြဲဖြဲကြီး လုပ်နေတာ
သူ့ကိုယ်သူ များ. . . ကောင်း ဘွိုင် . . .အဲ မဟုတ်သေးဘူး
ကောင်းဂဲလ် များ မှတ်နေလား မသိဘူး . . .
* ကိုကို ဟိုဖက် . . .ဟိုဖက်. . . *
* ကိုကို . . .ဟိုနားလေး . . .*
* ကိုကို . . . အဲဒီ နားလေး သွားဦးမယ်. . . *
ငတိမက သွားချင်ရာ သွား သူက မြင်းပေါ်မှာ ဆိုတော့ ဘယ်ညောင်းပါ့ မလဲဗျ
ကျုပ်က လမ်းလျှောက် လိုက်ရတဲ့သူ . . .
* ကိုကို . . . *
* အမ်. . . ပြောလေ . . .*
* မြင်းစီးရတာ တစ်မျိုးကြီး ပဲ . . . ညောင်းနေ သလားလို့ . . .*
ဪ ပြောရက် ပလေ ငတိမ ရယ်
လမ်းဆင်းလျှောက် ကြည့်ခိုင်း ရမယ် . . .
မထူးဘူးလေ အချွန်နဲ့ မ ပေးလိုက် ဦးမှပါ . . .
* သဲက မြင်းစီးတာ နည်းလမ်းမှ မကျတာ . . .*
* ဒါဆို ဘယ်လို စီးရမှာလည်း ကိုကို *
* ဇက်ကြိုးကို သေသေ ချာချာ ကိုင်ထား . . . *
* ဟုတ် . . . *
ကိုင်လည်း ပြီးရော . . . မြင်းဖင်ကို ခပ်စပ်စပ် လေး ရိုက်ပေး လိုက်တယ် .
ငတိမလည်း ကိုးယို့ ကားယား နဲ့ ပါသွားတာပေါ့
* ကယ်ပါဦး . . . ကယ်ပါဦး ကိုကို . . . *
ကိုယ့်ထိုက် နဲ့ ကိုယ့်ကံ ပဲလေ . . .
လှည့်တော့ မကြည့်မိ ဘူး . . .
ဒါပေမယ့် စိတ်ထဲ ကတော့ တစ်ခု ပြောလိုက် မိတယ် . . .
မြင်းစီးတာ အခုမှ နည်းလမ်း မှန်တာ လို့ . . .
😁😁😁
Credit _ nnnt (ငြိမ်းမောင်)
No comments:
Post a Comment