မန္တလေးသူတွေ " ကျွန်တော် .... ကျွန်တော် " နဲ့ ပြောတာ ဘာကြောင့်လဲ 😁
ဒါတောင် .. ၅၀၀ နဲ့ မလုံလောက်ပဲ
သူစက်တော် ခေါ်နေတုန်း အခန်းရှေ့က ခြေသံ ကြားတိုင်း..
" ဟဲ့ .. ဘယ်သူတုန်း "
ဟု လှမ်းလှမ်းပြီး မေးတယ်
ရံရွေတော် တွေက
" ကျမပါ ရှင့် "
ဆိုလျှင် .. အသံသြကြီး နှင့်
" ကျမဆို ဝင်ခဲ့လေ ကွယ် ... ဟီးဟီး "
လုပ်တတ် လွန်းတော့ ရံရွေတော် တွေလဲ စိတ်ညစ်ကြ တာပေါ့ .......
မင်းကြီးရှေ့ ခြေဖွဖွပင် ဖြတ်မလျှောက် ရဲ ... လျှောက်လိုက်လို့ ကျမ်းပြင်က " ကျွီ " ခနဲ မြည်သွား ရင်တောင်
" ဟဲ့ ဘယ်သူ တုန်းးး "
ဆိုပြီး မေးတော့ ရံရွေတော် တွေလဲ ဘုရင်က မေးတော့ ဖြေရတာပေါ့
" ကျမပါ ရှင့် "
" ကျမဆို လာခဲ့အုံးကွဲ့ "
ထိပါများတော့ ရံရွေတော်တွေလဲ အထဲမဝင် ကြရအောင် တိုင်ပင်ကြတယ် ....
နောက်ဆုံးမှာ အဖြေတခု ထွက်လာပြီး အရဲစွန့် ကြည့်ဖို့ ဆုံးဖြတ်လိုက် ကြတယ် ..............
ထိုအရာကား မင်းကြီး အခန်းရှေ့ ဖြတ်လျှောက်တဲ့ အခါ အရင်လို ခြေမဖွပဲ ခြေသံ ခတ်ပြင်းပြင်းနဲ့ လျှောက်ကြည့်ကြတယ် .... ထုံးစံ အတိုင်း
" ဟဲ့ ... ခြေသံ ပြင်းပြင်နဲ့ .. ဘယ်သူတုန်း!! "
ဆိုပြီး လုပ်ကြန်ရော... အဲ့ဒီမှာ ရံရွေတော်လေးက အရဲ စွန့်ပြီး အသံလေးပါ သြပြီး .......
" ကျွန်တော် ပါမင်းကြီး "
ထိုအခါ မင်းကြီလည်း စိတ် မသက်မသာ အသံ ကြီးနဲ့ .......
" ကျွန်တော်ဆို သွား ကျွန်တော်ဆို ရင်သွား "
ဆိုကာမှ ရံရွေတော်တွေ လဲ လွတ်လပ်စွာ သွားလာနိုင်ကြတော့ သတဲ့.....
အကြံ အောင်မြင်သွား ကြတဲ့ ရံရွေတော် တွေလဲ အခန်းရှေ့ ဖြတ်လျှောက်တိုင်း ခြေကျင်းကြီး တွေ ဝတ်ပြီးတဒုံးဒုံးနဲ့ ဖြတ်လျှောက် ကြတော့ တယ်တဲ့....
မင်းကြီး ကတော့ အသံကြားရင်
" ဟဲ့ ... ဘယ်သူတုန်း "
" ကျွန်တော် ......ကျွန်တော် "
" အေး ... ကျွန်တော် ဆိုရင် လစ်ချင် သလိုသာ လစ်လိုက်တော့ "
ဤသို့ဖြင့် .... မန္တလေးသူ များသည် " ကျွန်တော် ...ကျွန်တော် " ဟု ပြောဆိုသော အမူ အကျင့်နှင့် ခြေကျင်း ဝတ်သော အလေ့အထ ထိုအချိန်က စသည် ဟူ၏ ............
( မယုံလျှင် ပုံပြင်ဟု မှတ်ပါ )
😁😁😁
Credit _ အကြည်တော်
No comments:
Post a Comment