Wednesday, January 31, 2018
#ကိုယ့် အပူမှ အပူလို့ ထင်နေတတ်ကြပြီး သူများအပူကို စာနာ နားလည်ပေးနိုင်ချင်းမရှိတာ" လူ " သားပါ ။ #လိုအပ်ချိန်မှာ မျက်နှာချိုချိုနဲ့ ပြုမူတတ်ကြပြီး မလိုအပ်တော့ရင် မသိ သလို မဲ့ကာ ရွဲ့ကာ နေတတ်တာလဲ " လူ " ပါပဲ။ #ချစ်လှပါတယ် ခင်လှပါတယ် တတွတ်တွတ်နဲ့ ရေပက်မဝင် ပြောပြီး နာကြင်အောင်လုပ် တတ်တာလဲ " လူ " ပါပဲ ။ #ပိုက်ဆံချေးပြီး ပြန်ပေးဖို့ ဝန်လေးနေတာလဲ "လူ "ပါ။ #ကတိတွေ ထပ်ခါ ထပ်ခါ ပေးပြီး မတည်ကြည် ဖေါက်တိ ဖေါက်ပြန် ခဏခဏ လုပ်တာလဲ "လူ"ပါပဲ ။ #ကုသိုလ် တပဲ ငရဲ တပိဿာ လုပ်တတ်တာလဲ "လူ"ပဲလေ။ #အခြားသူ ချမ်းသာရင် မရှုစိမ့်ပြီး ကိုယ်ချမ်းသာတော့ အူမြူး နေတာ လဲ "လူ"ပဲပေါ့။ #ကိုယ်ပျော်ရွှင်ဖို့အတွက် စည်းတွေ ဘောင်တွေကို ကျော်ခွတက်နင်းပြီး သူတပါးရဲ့ ပိုင်နက်ကို ကျူးကျော် ဖျက်ဆီး ခြင်တာလဲ "လူ"ပဲ မဟုတ်လား။ #သူများ ချစ်သူတွေကြား မသိမသာနဲ့ သိသိသာသာကြီးပါ သွားပြီး ဖျက်ဆီးချင်တာလဲ "လူ"ပါပဲလား။ #ပါးစပ်က 'မလုပ်ပါဘူး' ပြောပြီး မသိအောင် ခြေပုန်း ခုတ်တတ်တာလဲ " လူ" ပဲ မဟုတ်လား။ #စိတ်အလိုလိုက် စိတ်အကြိုက်ဆောင်ပြီး မလုပ်သင့်မှန်း သိနေပါရက် ဖေါက်ပြားဖို့ စည်းကျော်ဖို့ တာစူနေတာလဲ"လူ"သားပေပဲ။ #ကိုယ့်အပေါ် သစ္စာရှိစေခြင်ပြီး ကိုယ်ကကျ သစ္စာဖေါက်တာလဲ "လူ"တွေပဲ။ #ပေးဆပ်အနစ်နာခံပြီး ချစ်ပေးကြင်နာပေးနေပါရက် နဲ့ တင်းမတိမ်နိုင်ပဲ ရသလောက်အခွင့်ရေး ထပ်ယူ ကိုယ်တိုင်ကမူ ပြန် ကြည်ဖြူရကောင်းမှန်း မသိနားမလည်တာလဲ"လူ" မှဟုတ်ပါလေစ။ #အထက်ပါ စကားရပ်တွေက "ငါ့ကို" ပြောနေတာပါလားလို့ ထင်နေ သိနေပြီး ကိုယ့်အမှားတွေ ကို ပြုပြင်မယ် မတွေးပဲ ဒါသက်သက် 'ငါ့ကို' အပုတ်ချနေတာပါလား လို့ ထင်မြင်နေတဲ့ *သင်* လဲပဲ "လူ" ပါပဲ ။ #ရင်ထဲ ဗလာ စိတ်မပါ ပဲ လျှာဖျားလေးနဲ့ တဖက်သားကို လေလုံးနဲ့ ဖိ တတိတိနဲ့ ဖဲ့ခြွေ နေတာလဲ "လူ"သားစင်စစ်ပါပဲ။ #အမှန်တွေ ပြောခံရတော့ အရိုက်ခံရတာထက် နာနေပြီး ပြောပြသူကို စိတ်ဆိုးမာန်ဆိုး နဲ့ အငြိုးကိုထား မုန်းမာန် ပွါးပြီး မကျေနပ်နေတာ"လူ" ပဲနော့။ #ကိုယ်တိုင်က ရှေ့မှာတသွယ် ကွယ်ရာတမျိုး မရိုးမသား စိတ်တွေထားပြီး ကိုယ့်အပေါ် အမှားလုပ်မှ ပေါက်ကွဲ သံစဉ် ရင်တွေဆူပွက် ဒေါမာန်တက်ပြီး ခက်ထန်ကြမ်းတမ်း အခဲမကြေ အာဃာတငြိုး မုန်မာန်ပျိုးစိုက် အဲဒါလဲ "လူ့" စရိုက်ပဲပေါ့။ #ကုသိုလ်လေးလုပ် အနောက်က အကုသိုလ်နဲ့ ဖြုတ် မခုတ်တတ်တဲ့ ကြောင်လိုလို ကိုယ်တိုင်ကလှည့်စား ဘေးလူမြင်ကောင်းအောင် လုပ်နေတတ်တာလဲ "လူ" သားပါပဲ ။ #တိုက်ဆိုင်မှုများရှိရင် ခွင့်လွှတ်ပါ စာရေးသူလဲ " လူ" ပဲမို့ပါ ။
Subscribe to:
Posts (Atom)
ဆောက်လုပ်ရေးနှင့်လယ်ယာမြေ
-
မြန်မာစကားပုံတစ်ခုအကြောင်းပြော ပြချင်တယ်။ ``မိအေး နှစ်ခါနာတယ်`` ဆိုတာ ကြားဖူး ပြောဖူးကြမယ်ထင်တယ်။ မိအေးနဲ့ပတ်သတ်ပြီး နောက်ထပ်စကားပုံတစ...
-
evergreen ကြာသပတေးသားသမီးများဟာ အေးအေးဆေးဆေးနေတတ်တဲ့သူများဖြစ်ကြတယ် ခွင့်လွတ်သီးခံတတ်ကြပါတယ် ဒါကြောင့် လူတွေရဲ့ချစ်ခင်မှုကိုလည်းတာရှည်ပ...